ခဏခဏ စည်းကျော်မခံပါနဲ့။
လူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ်လက်သင့်မခံနိုင်တဲ့ အရာတွေကို ချပြထားဖို့လိုပါတယ်။
လူတွေရဲ့သဘောက "ရလေလိုလေ" ဖြစ်တတ်ပါတယ်။
ဒါ လူ့သဘာဝပဲမလို့
အပြစ်တင်စရာတော့ မရှိပါဘူး။
အရေးကြီးတာက တခြားလူတစ်ယောက်က
ကိုယ်လက်သင့်မခံနိုင်တဲ့
ကိစ္စတစ်ခု လုပ်လာတဲ့အခါ
"ရပါတယ်" နဲ့ ပြီးသွားတာထက်
အဆင်မပြေရင် မပြေကြောင်း
ပြောပြရဲ၊ အမူအရာပြရဲဖို့လိုပါတယ်။
ဒီလိုမှမဟုတ်ရင်
"ဒီလူက ရပါတယ်လေ" ဆိုပြီး
အကြိမ်ကြိမ် စည်းကျော်ခံရတတ်ပါတယ်။
*******************************
#crd_to_owner_with_respect
#welcometongapalikaungkaung
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်