6 w - Translate

ပြည်ပကို ငါးတင်ပို့မှု ကန်ဒေါ်လာ ၁၇၆ သန်းကျော် ရရှိ
---------------------------
အခုဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ပြည်ပကို ရေထွက်ကုန် ငါးမက်ထရစ်တန် ၁ သိန်း ၆ သောင်းကျော် တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်ဖိုး ရရှိခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

ဧပြီလမှ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၆ လတာကာလအတွင်း ပြည်ပကို ငါးတင်ပို့မှု အနေနဲ့ မက်ထရစ်တန် တစ်သိန်း ခြောက်သောင်းကျော် တင်ပို့ခဲ့တာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၇၆ ဒသမ ၃၀၂ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပကို ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ရှစ်သောင်း နှစ်ထောင်ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ သန်း ၁၁၀ ကျော် နဲ့ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ခုနစ်သောင်း ရှစ်ထောင်ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၆၅ သန်းကျော် ရရှိခဲ့တာ ဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

ပြည်တွင်းမှ ပုစွန် အပါအဝင် ငါးစတဲ့ ရေထွက်ကုန်တွေကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့နေတာဖြစ်ပြီး ရန်ကုန်ကတစ်ဆင့် ပုံမှန်တင်ပို့တဲ့အပြင် နယ်စပ်ကုန်သွယ်မှုကလည်း တိုက်ရိုက် တင်ပို့နေတယ်လို့ သိရပါတယ်။

image
image
image