6 w - Translate

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကောင်ထည်ဖော်သည့် Myanmar Pay စတင်နိုင်ရန် ဆောင်ရွက်နေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် MyanmarPay (Digital Payment Switch) ၏ ရှေ့ပြေးစမ်းသပ်မှုများကို စတင်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ တဆင့် သိရသည်။

ယင်းစနစ်သည် ပြည်တွင်းပြည်ပအတွက်ပါ QR Payment များ ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ကာ Myanmar Pay အသုံးပြုမှုကို စတင်နိုင်ရန်အတွက် အစီအစဉ်များကို အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းစနစ်ကို လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများက MyanmarPay QRဖြင့် ငွေပေးချေသည့်စနစ်ကို ရန်ကုန်မြို့၊ ဆူးလေလမ်းမတွင်ရှိသည့် ဗဟိုဘဏ်ရုံးခွဲ၌ အောက်တိုဘာ (၁၅) ရက်က ဗဟိုဘဏ်ဥက္ကဋ္ဌကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌက MyanmarPay QR ကို အကောင်အထည် ဖော်ပြီးပါက ဘဏ် နှင့်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်း လင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြုသူများအကြား ငွေပေးချေမှုကို မတူညီသည့် Payment Platform များနှင့် Model များကို Switching တစ်ခုတည်ဆောက်ပြီး အပြန်အလှန်ပေးချေမှုများ ပေးချေနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်၍ Security ပိုင်း၊ Monitoring ပိုင်း၊ Settlement ပိုင်း အားကောင်းရန်လိုအပ်ကြောင်း၊ လက်တွေ့‌ဆောင်ရွက်မှုများကို ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နေသော KBZ Pay, AYA Pay, OK$, Wave Money တို့မှ ၎င်းတို့၏ Payment Platform များနှင့် Digital Payment Switch ချိတ်ဆက်ဆောင်ရွက်မှုများကို လေ့လာကြည့်ရှုပြီး လိုအပ်သည်များ မှာကြားကြောင်း သိရသည်။

image