6 w - Translate

သီတင်းကျွတ်လပြည့်ည ရွှေတိဂုံဘုရားမြင်ကွင်း

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ညဘက်မြင်ကွင်းများဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်ကာ ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်သောနေ့ဖြစ်သည်။

ထို့ပြင် မြတ်စွာဘုရားဆင်းသက်ကြွမြန်းလာခြင်းကို ရည်စူးပြီး ဘုရားရှင်ကိုပူဇော်သည့်အနေဖြင့်ဆီမီးထွန်းပူ‌ဇော်မှုများပြုလုပ်ကြကြောင်း၊ လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်ကြီး၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိသလို ပြည်သူ့ရင်ပြင်ရှိ ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်တွင်လည်း လာရောက်သည့်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့ညမြင်ကွင်းသည် ယမန်နှစ်ထက် လူပိုများ၍ စည်ကားခဲ့ကြောင်းလည်း သိရသည်။

image