တရုတ်-မြန်မာနှစ်နိုင်ငံမသန်စွမ်းသူများ အားကစားပွဲတော်ကျင်းပ
၂၀၂၄ ခုနှစ် “Belt and Road” တရုတ်-မြန်မာနှစ်နိုင်ငံ မသန်စွမ်းသူများပြန်လည်ထူထောင်ရေးနှင့်ချစ်ကြည်ရေးအားကစားပွဲတော်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ကျင်းပခဲ့ကြောင်း သိရသည်။
အားကစားပွဲတော်၌ ဘောလုံးနှင့်သက်ဆိုင်သော အားကစားပြိုင်ပွဲများ၊ ပြန်လည်သန်စွမ်းကြံ့ခိုင်ရေးပြိုင်ပွဲ(၆)မျိုးတို့ကိုကျင်းပခဲ့ရာ နှစ်နိုင်ငံမှမသန်စွမ်းအားကစားသမား(၁၄၀)ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပွဲတော်အတွင်း၌ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် ခြေတုလက်တု(၁၀)စုံ၊ နားကြားကိရိယာ(၁၅)စုံ၊ ဘီးတပ်ကုလားထိုင် (၁၀၀)စီးတို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး ပွဲတော်မတိုင်မီကလည်း ရွှေလီမြို့မသန်စွမ်းသူများအ သင်းမှ မသန်စွမ်းသူများအတွက် ခြေတုလက်တုနှင့် orthotics စက်များအခမဲ့တပ်ဆင်ပေးသည့် ဝန်ဆောင်မှုကိုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းက တရုတ်-မြန်မာနှစ်နိုင်ငံမှ မသန်စွမ်းသူ(၁၈)ဦးအတွက် တွဲဖက်အထောက် အကူပစ္စည်းအသစ်များကို တိုင်းတာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။