စားအုန်းဆီများကို သီတင်းကျွတ်ဈေးရောင်းပွဲတော်၌ ဈေးသက်သာစွာဝယ်နိုင်
ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရန်ကုန်မြိူ့၊ ပြည်သူ့ရင်ပြင်၊ သီတင်းကျွတ်စျေးရောင်းပွဲတော်တွင် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဖော်ပြချက်အရ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်
ဂီတပွဲတော်၌ စားအုန်းဆီ 5 Liters ဗူးများကို ရောင်းချပေးနေကာ စားအုန်းဆီတစ်ပိဿာလျှင် ယခုတပတ် ရည်ညွှန်းဈေးနှုန်းကျပ် (၆၃၅၅)ကျပ်ဖြင့် ဗူးတန်ဖိုးသာကျသင့်မည် ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုကို ယခု သီတင်းကျွတ်ရုံးပိတ်ရက်များတွင် ငါးရက်တာ ရပ်နားထားပြီး အောက်တိုဘာ ၂၁ ရက်နေ့မှသာ ပြန်လည်ရောင်းချပေးမည် ဖြစ်သည်ဟု သိရသည်။