6 w - Translate

အင်္ဂလန်နှင့် ကမ္ဘာ့ဖလားရရန် တူချယ်ရည်မှန်းထား
--------------------------
အင်္ဂလန်အသင်းနည်းပြရာထူးက သူ့အတွက် ကြီးမားတဲ့ တာဝန်တစ်ခုဖြစ်သလို အသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူနိုင်ဖို့အထိ ရည်မှန်းထားတယ်လို့ နည်းပြသစ်တူချယ်က ပြောကြားလိုက်ပါတယ်။

အင်္ဂလန်နည်းပြသစ် အဖြစ် မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ တူချယ်ကအခုလို ပြောကြားခဲ့တာပါ။

လက်ရွေးစင် အသင်းကို ကိုင်တွယ်ရတာဟာ အရင်က ကိုင်တွယ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေကို ကိုင်တွယ်ရတာနဲ့ မတူညီတဲ့ အတွက် ကြီးမားတဲ့ တာဝန်တစ်ခုလို ခံစားရတယ်လို့ တူချယ်က ဝန်ခံသွားခဲ့ပါတယ်။

ချဲလ်ဆီး၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂျာမနီလူမျိုးနည်းပြ တူချယ်ဟာ အင်္ဂလန်အသင်းနည်းပြအဖြစ် တာဝန်ယူဖို့ ၁၈ လစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့မှာ အသင်းကို စတင်တာဝန်ယူမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း နိုင်ငံတကာ ပြိုင်ပွဲအောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး တူချယ်ကတော့ သူ့လက်ထက်မှာ ဒီရလဒ်ဆိုးကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အားကစားလောကမှာ မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့ စကားအတိုင်း အင်္ဂလန် အသင်း အနေနဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့က ခက်ခဲမှာမှန်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး လို့ တူချယ်က မီဒီယာတွေနဲ့ မိတ်ဆက်ပွဲမှာ ပြောသွားခဲ့ပါတယ်။

image