ငှက်စို့မှိုထောင်း(ရခိုင်ဟင်း)
မိုးတစ်ပြိုက်နေတစ်ပြိုက်နဲ့ပူအိုက်စွတ်စိုတဲ့ခုလိုရာသီဥတုမှာရာသီစာကငှက်စို့မှိုပါ စားမနိုင်အောင်ပေါတဲ့မှိုကိုမအီအောင်ရှုးရှဲလေး ရခိုင်တွေကလုပ်စားတတ်ကြပါတယ်နော်။
မှိုအငုံ(၂၀)လောက်ကိုသဲမြေခြစ်ရေစင်စင်ဆေးပြီး ရေပါတယ်ဆိုရုံလေးနဲ့ ၁၀မိနစ်လောက်ပြုတ်ပါ။
ငရုတ်သီးစိမ်း မျှင်ငပိ ကြက်သွန်ဖြူ ငရုတ်ကောင်း ဆား အကုန်ရောထောင်းညက်လျင်ပြုတ်ထားတဲ့မှိုအငုံကိုထည့်ထောင်းလိုက်ရုံပါပဲ။သံပုရာရည်ရွှဲရွှဲနဲ့မွှေးနေပါပြီရှင် စားလို့ရပါပြီ။ ဗိုက်မနာအောင်အထိန်းကငရုတ်ကောင်းမို့ ငပ်ိငရုတ်သီးစိမ်းတွေကို မီးမကင်လည်းရပါတယ် (ရခိုင်အများစုက မီးကင်ကြပါတယ်)။ အပွင့်ကိုပြုတ်လိုက်ရင်ပျော့ပြဲသွားလို့အငုံတွေပဲထောင်း
ပါ ။ အဖျားနံလန်ထလူမမာတွေအတွက်လည်းစားပြီးရင်ချွေးလေးစို့စို့နဲ့လန်းသွားတဲ့အာဟာရကောင်းပါ