ပုံပြင် အဟောင်းလေးတစ်ပုဒ် ပြောပြမလို့ ...
မဝေးသေးခင် ခုနှစ်တွေကပေါ့
ကောင်မလေးတစ်ယောက်မှာ
သိပ်ချစ်ရတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်တဲ့
နှစ်ယောက်သား
တစ်နေ့ကျရင်ဆိုတဲ့ ကတိတွေ ထားကြတယ်
အလုပ်တွေ ကြိုးစားကြတယ်
နောက်ဆုံးမှာ ဝေးသွားရတယ် ။
မချစ်လို့လားဆိုတဲ့ မေးခွန်းတိုင်းကနှစ်ယောက်လုံးက
ချစ်တာပေါ့ဆိုတဲ့ အဖြေတစ်ခုတည်းပေးကြတယ် ။
ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ဘယ်တော့မှ
မနီးနိုင်ကြတော့ဘူး ။
တကယ်ပဲ ဝေးသွားကြပါပြီဆိုတဲ့စကားကို
တစ်ယောက်နဲ့တစ်ယောက်
ဘယ်တုန်းကမှ မသုံးခဲ့ကြတာတော့
အံ့သြဖို့ကောင်းတယ် ။
မချစ်တော့ဘူးဆိုတဲ့ စကားကို
တစ်ယောက်ကိုတစ်ယောက်
မသုံးခဲ့ကြတာ
တော်တော်လေး အံသြဖို့ကောင်းတယ် ။
တစ်ခါတစ်လေကျတော့ ...
အချစ်ဟာ ...
စစ်မှန်လဲ နီးဖို့ကံပါမလာရင်
ဘယ်လောက်ပဲ ချစ်ချစ် နောက်ဆုံးကျ ဝေးရတာပါပဲ။
#ကျေးကို