6 w - Translate

နာမည်လေးတစ်လုံးမေ့ဖို့
နှစ်တွေဘယ်လောက်ကြာတတ်လဲ,, ဟင်

ဘယ်နှစ်ကြိမ်လောက်ငိုမှ
အလွမ်းတွေကပြေနိုင်မှာလဲ

အရာရာဟာတရားကျပါတယ်ဆိုပြီး
ဘယ်သူ့အလွန်လို့ ခေါင်းစဉ်မတက်ပဲ

ကိုယ့်အမှားအတွက်လို့ ပေးဆပ်ရင်း
ကျေကျေနပ်နပ်နဲ့ဝဋ်ခံနေလိုက်တာ

ဒဏ်ရာတွေသက်သာလာသလိုပဲ
အဲ့သလို ဖြေစရာမရှိလျှောက်ဖြေရတာပေါ့

ပျော်စရာလဲကောင်းပါတယ်
ဘဝကြီးက နေရတာလဲအဆင်ပြေပါတယ်

အေးလေ မျက်ရည်တွေမှမခမ်းခြောက်သေးတာ
ပျော်စရာနဲ့ရောပြီး ငိုနေမှတော့ အဆင်ပြေတာပေါ့

#2001
-နေခ/စာတိုက်ပုံး

image