6 w - Translate

ကျောက်ဆည် ဆင်အကအလှပြိုင်ပွဲ ကျင်းပ
--------------------------
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေမှာ ရိုးရာဆင်အကအလှပြိုင်ပွဲကို အောက်တိုဘာ ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။

အဲဒီပြိုင်ပွဲကိုတော့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆင်အက အလှစွမ်းရည်ပြ ဖျော်ဖြေမှု နဲ့ ဆင်အဖွဲ့တွေက သီချင်းသီဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကို နှစ်စဉ်ရိုးရာပွဲတော်အဖြစ် သီတင်းကျွတ်လဆန်း ၁၄ ရက်မှာ ဆင်အကအလှ ပြိုင်ပွဲကျင်းပပြီး သီတင်းကျွတ်လပြည့်နေ့မှာတော့ ဆွမ်းတော်ကြီးကပ်လှူပွဲ၊ ရွှေဆင်၊ ငွေဆင် လှူဒါန်းပွဲတို့ကို နှစ်စဉ် ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲမှာ ဂုဏ်ပြုဆင်၊ ရိုးရာဆင် (လူကြီး၊ ကလေး) တီထွင်ဆန်းသစ်မှု ဆင်၊ ဘော်ကြယ်ဆင်၊ သက်ကြီးဆင်၊ ဧည့်ခံဆင်၊ ဈေးပတ်ဆင်များ စုစုပေါင်း ၇၄ စီးနဲ့ ပါဝင်ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲအမျိုး အစားအလိုက် ပထမ၊ ဒုတိယ၊ တတိယ နဲ့ နှစ်သိမ့်ဆုတွေကို ချီးမြှင့်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

image