6 w - Translate

ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်ဈေးရောင်းပွဲတော် ကျင်းပ
------------------------------

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ MSME ထုတ်ကုန် သီတင်းကျွတ် ဈေးရောင်းပွဲတော် နဲ့ ဂီတပွဲတော်ကို အောက်တိုဘာ ၁၆ ရက်က စတင်ပြီး ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။

သီတင်းကျွတ်ဈေးရောင်းပွဲတော်မှာတော့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ဒေသထွက်ကုန်ပစ္စည်းတွေ နဲ့ အစား အစာအရောင်းဆိုင်တွေ စားသောက်ဆိုင်ခန်းတွေ အပါအဝင် ဆိုင်ခန်းပေါင်း ၄၈၀ ကျော် နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

အထူးအစီအစဉ်အဖြစ် ရွေ့လျားယာဉ်တွေ နဲ့ ဆန်၊ ဆီ၊ ကြက်ဥ နဲ့ ဟင်းသီးဟင်းရွက်တွေ အခြေခံစားသောက်ကုန် တွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေသလို ပြည်သူတွေ သွားလာရေး အဆင်ပြေလွယ်ကူစေဖို့ YBS ယာဉ် တွေ နဲ့ အကြို/အပို့ ကားတွေလည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ပွဲတော်ရက်တွေအတွင်း အလှူရှင်တွေရဲ့ နေ့စဉ်စတုဒိသာကျွေးမွေးတာ ရုပ်ရှင် သဘင် နဲ့ ဂီတနယ်ပယ်က အနု ပညာရှင်တွေ ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပြီး ပွဲတော်ကိုတော့ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်ထိ သုံးရက်တိုင်တိုင် ကျင်းပမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

imageimage