တိုင်း နှင့် ပြည်နယ် ၆ ခုတွင် မိုးထစ်ချုန်းရွာနိုင်
------------------------
လာမယ့် ၂ ရက်အတွင်း တိုင်းဒေသကြီး နဲ့ ပြည်နယ် ၆ ခုမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၁၇ ရက်၊ နေ့လယ် ၂ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။
ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ နဲ့ ကရင်၊ မွန် ပြည် နယ် တွေမှာ လာမယ့် (၂) ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်မြောက်ပိုင်း- အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေတို့ကို ချင်းနိုင်မြို့ အနီးမှ ဖြတ်ကျော်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။