ကမ္ဘာ့ဖလားကျင်းပမည့်ကွင်းသို့ အင်ဖန်တီနိုလည်ပတ်
---------------------------------------
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ အောက်တိုဘာ ၁၆ ရက်နေ့က ကနေဒါနိုင်ငံကို ရောက်ရှိလာခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ် ၇ ပွဲကို လက်ခံကျင်းပမယ့် ဗန်ကူးဗား အားကစားကွင်းကို လာရောက်လည်ပတ် သွားခဲ့ပါတယ်။
ဗန်ကူဗားအားကစားကွင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် ၅ ပွဲ၊ ၃၂ သင်းနဲ့ ၁၆ သင်း အဆင့်ရှုံးထွက်ပွဲစဉ် တစ်ပွဲစီကို လက်ခံကျင်းပခွင့်ရမှာဖြစ်တယ်လို့ ဖီဖာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ အခုကွင်းကြီးမှာ ကနေဒါလက်ရွေးစင်အသင်း အနည်းဆုံး ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၂ ပွဲကစားခွင့်ရမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
ဗန်ကူးဗားအားကစားကွင်းအတွင်း လှည့်လှည်ကြည့်ရှုချိန်မှာ အင်ဖန်တီနိုနဲ့အတူ ဗန်ကူးဗားမြို့တော်ဝန်၊ ကနေဒါ အားကစားဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင်ခဲ့တာဖြစ်ပြီး ကနေဒါနိုင်ငံနဲ့ ဗန်ကူးဗားမြို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုတွေက အားရကျေနပ်စရာ ကောင်းပါ တယ်လို့ အန်ဖန်တီနိုက မှတ်ချက်ပေးသွားခဲ့ပါတယ်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်တွေအဖြစ် ၂၀၂၆ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။