အာရှဒုတိယအချမ်းသာဆုံး အဒါနီရဲ့အင်ပါယာကို လက်လွှဲယူကြမယ့် လူငယ် ၄ ယောက်
၂ ယောက်က သူဌေးကြီးအဒါနီရဲ့ သားတွေဖြစ်ကာ ကျန် ၂ ယောက်က သူ့ညီ ၂ ယောက်ကမွေးခဲ့တဲ့ တူတွေဖြစ်ပါတယ်။ သူတို့လူငယ် ၄ ယောက်လုံးဟာ အမေရိကန်တက္ကသိုလ်တွေကနေ ဘွဲ့ရထားခဲ့ကြသူတွေချည်း ဖြစ်ကြပါတယ်။
မွမ်ဘိုင်းရဲ့ အကြီးဆုံးကျူးကျော်ရပ်ကွက်ကြီးကို အဆင့်မြှင့်တင်မယ့်စီမံကိန်းနဲ့ အာကာသထဲကကြည့်ရင်တောင် မြင်နိုင်တဲ့ ဆိုလာစီမံကိန်းကြီးကြောင့် လူငယ် ၄ ယောက်ဟာ စတင်နာမည်ထွက်လာပါတယ်။ သူတို့ပထမမျိုးဆက်တွေဟာ အားလုံးပေါင်းရင်တောင်မှ မူလသူဌေးကြီး ဂေါ်တမ်အဒါနီကို မမှီသေးဘူးလို့ ဝန်ခံထားကြပါတယ်။ သူတို့ ၄ ယောက်ဟာ ဒေါ်လာ ၂၁၃ ဘီလီယံတန်တဲ့ အဒါနီအင်ပါယာကြီးကို ကဏ္ဍအသီးသီးခွဲကာ တာဝန်ယူအုပ်ချုပ်နေကြပါတယ်။