6 w - Translate

နှစ်စဉ် ကျင်းပသည့် ကျောက်ဆည်မြို့ ဆင်လှူပွဲတော် ရိုးရာမပျက် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် သီတင်းကျွတ်လဆန်း (၁၄) ရက်တွင် ဆင်အကအလှပြိုင်ပွဲ ကျင်းပပြီး လပြည့်နေ့၌ ဆွမ်းတော်ကြီးကပ်လှူပွဲ၊ ရွှေဆင်၊ ငွေဆင်လှူ ဒါန်းပွဲအား နှစ်စဉ်ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ ယခုနှစ်တွင်လည်း ကျင်းပလျက်ရှိကြောင်း သိရသည်။

အနော်ရထားမင်းလက်ထက်မှ စတင်၍ ရိုးရာမပျက် ကျင်းပလာသည့် နှစ်ပေါင်း (၉၀၀) ကျော် ရှိပြီဖြစ်သော မြန်မာ့ရိုး ရာယဉ်ကျေးမှုအမွေအနှစ် ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ရိုးရာဆင်(လူကြီး၊ က-လေး) တီထွင်ဆန်းသစ်မှုဆင်၊ ဘော်ကြယ်ဆင်၊ သက်ကြီးဆင်၊ ဧည့်ခံဆင်၊ ဈေးပတ်ဆင်များ စုစုပေါင်း (၇၄)စီးဖြင့် ပါဝင်နွှဲခဲ့ပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့် ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image