11 w - Translate

ဂျာမန်လူမျိုးနည်းပြတူချယ်လ်ဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ သဘောတူညီမှုရရှိခဲ့ပြီး လာမယ့် ရက်ပိုင်းမှာ နည်းပြအဖြစ် ခန့်အပ်ကြောင်းကို တရားဝင်ကြေညာသွားမှာ ဖြစ်ကြောင်း ဥရောပမီဒီယာတွေက ဖော်ပြကြပါတယ်။

တူချယ်လ်ဟာ အဲရစ်ဆင်၊ ကာပယ်လိုတို့အပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့တတိယမြောက်နိုင်ငံခြားသားနည်းပြဖြစ်လာမှာဖြစ်ပြီး ပထမဆုံးဂျာမန်လူမျိုးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်မှာပါ။

>>>>>>>>>>>

အင်္ဂလန်လက်ရွေးစင်အသင်းကို ဆွီဒင်လူမျိုးနည်းပြအဲရစ်ဆင်က ၂၀၀၁ ဇန်နဝါရီကနေ ၂၀၀၆ ဇူလိုင်လအထိ၊ အီတလီလူမျိုးနည်းပြ ကာပယ်လိုက ၂၀၀၇ ဒီဇင်ဘာလကနေ ၂၀၁၂ ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားနည်းပြတွေအဖြစ် ကိုင်တွယ်ခဲ့ဖူးတာပါ။

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး နည်းပြဆောက်ဂိတ်အသင်းက ထွက်ခွာသွားခဲ့တာကြောင့် နည်းပြရာထူးလစ်လပ်နေပြီး လက်ရှိမှာ ယူ-၂၁ အသင်းနည်းပြ လီကာစလေက ယာယီနည်းပြအဖြစ်တာဝန်ယူနေပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ လီကာစလေကို UEFA Nations League ပွဲစဉ်တွေအတွက် တာဝန်ပေးထားပြီး မူလအစီအစဉ်အတိုင်းဆိုရင် သူ့အနေနဲ့ လာမယ့် နိုဝင်ဘာလအတွင်း ဂရိ၊ အိုင်ယာလန်အသင်းတို့နဲ့ကစားရမယ့် ပွဲစဉ်တွေကို ဆက်လက်ကိုင်တွယ်ရမှာဖြစ်ပါတယ်။

ဗြိတိန်သတင်းစာတချို့ရဲ့ဖော်ပြချက်အရ လီကာစလေအနေနဲ့ ဒီပွဲတွေကို ဆက်လက်ကိုင်တွယ်ခွင့်ရဖွယ်ရှိပြီး တူချယ်ကို ၂၀၂၅ နှစ်စပိုင်းမှာသာ အင်္ဂလန်အသင်းနည်းပြအဖြစ် FA က စတင်တာဝန်ပေးဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တူချယ်လ်ဟာ မိန့်ဇ်၊ ဒေါ့မွန်၊ PSG ၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်အစရှိတဲ့ ဥရောပအသင်းတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး အင်္ဂလန်အသင်းမှာ တစ်နှစ်လစာငွေ ပေါင်(၅)သန်းခန့်ရဖွယ်ရှိကြောင်း သိရပါတယ်။

image