တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့ မီးပုံးပျံ (၅၀၀) လွှတ်တင်ပူဇော်မည်
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်ပေါ်တွင် အောက်တိုဘာ(၁၇)ရက် ၊သီတင်းကျွတ်လပြည့်နေ့ ညပိုင်း၌ မီးပုံးပျံ အလုံး(၅၀၀)လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံက သိရသည်။
ထို့အပြင် ယင်းနေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေဝါနဒီ ပန်းခြံချောင်းအတွင်း ငါးလွတ်ပွဲကျင်းပခြင်း၊ သံဃာတော်(၂၇)ပါး ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားပွဲနှင့် နေ့ဆွမ်းဆက်ကပ်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ညနေပိုင်းအချိန်တွင် ဘုရားဖူးလာရောက်သည့် ဧည့်ပရိတ်သတ်များအား စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ပြီး စတုဒိတာ ကျွေးမွေးလှူဒါန်းလိုသူများအနေဖြင့်ရွှေတိဂုံဂေါပက အဖွဲ့ထံလာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။