ဒညင်းသီးနှင့် ရွှေပုစွန်ခြောက်ငါးပိချက်
ပါ၀င်ပစ္စည်းများ
ဒညင်းသီးပြုတ် - ၁၀ လုံး
ရွှေပုစွန်ခြောက် - ၂ ဇွန်း
စိမ်းစားငါးပိ - ၁ ဇွန်း
ငရုတ်သီးစိမ်း - ၁၅တောင့်ခန့်
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၅ တက်
ခရမ်းချဉ်သီးမှည့်မှည့် - ၅ လုံးခန့်
ပြင်ဆင်ပြုလုပ်နည်း
ဒညင်းသီးကို ထက်ခြမ်းခွဲပြီး အညှောင့်လေးထုတ်ပေးပါ ။ ထိုအညှောင့်လေးက အခန့်မသင့်ရင် အစာအဆိပ်တက်တဲ့ ဓာတ်ကို ဖြစ်ပေါ်စေတတ်ပါတယ် ။
ထက်ခြမ်းခွဲပြီး ငရုတ်ဆုံမှာထောင်း ပြားပြားပေးပါ ။ ငါးပိကို ရေခပ်နွေးနွေးနှင့် ဖျော်ထားပါ ။ ကြက်သွန်နီ ၊ ဖြူနှင့် ငရုတ်ခြောက် ၃တောင့်လောက်ကို ရောပြီး ညှက်နေအောင် ထောင်းပါ ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း လှီးပါ ။
ဒယ်အိုးတစ်လုံးမှာ ထောင်းထားသော အရော ၊ ခရမ်းချဉ်သီး ၊ ရွှေပုစွန်ခြောက်တို့ကို နနွင်းမှုန့် ၊ အနည်းငယ်နှင့်အတူ ရောထည့်ပြီး ဆီအနည်းငယ် လောင်းထည့်ပါ ။ အဖုံးအုပ်ပြီး မီးအေးအေးမှာ ဆီပြန်အောင် ချက်ပေးပါ ။
ဆီပြန်လာလျှင် ထောင်းပြားထားတဲ့ ဒညင်းသီးတွေ ထည့်ပေါင်းချက်ပါ ။ ၃မိနစ်ခန့် ဆက်ချက်ပြီးလျှင် အရည်ဖျော်ထားတဲ့ ငါးပိကို လောင်းထည့်ပြီး ငရုတ်သီးစိမ်းတွေ ပေါင်းထည့်ကာ အဖုံးအုပ်ပြီး ရေခမ်းသည်အထိ ဆက်ချက်ပေးပါ ။
အရသာ အတိုးအလျှော့ ချိန်ဆပြီးရင် ထမင်းမြိန်တဲ့ ဒညင်းသီးငါးပိချက် သုံးဆောင်နိူင်ပါသည် ။
သတိပြုရန် ။ ။ ဒညင်းသီးစားလို့ အဟာရမဖြစ်ဘူး ဆိုပေမယ့်လဲ ဒညင်းသီးကို မရှောင်နိူင်ကြတာကြောင့်အလွန်အကျွံ စားသုံးခြင်းကို သတိထားပြီး ရှောင်ကြဉ်ကြပါလို့ အသိပေးအပ်ပါတယ် ။