6 w - Translate

ရီးရဲလ်အသင်းနှင့် အမ်ဘာပေ လေ့ကျင့်
-------------------
ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ပြင်သစ်အသင်းရဲ့နေးရှင်းလိဂ် လူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်အသင်းနဲ့အတူ အောက်တိုဘာလ(၁၄)ရက်နေ့က လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီဖြစ်ပါတယ်။

နေးရှင်းလိဂ်ပွဲတွေ မကစားခင်တုန်းက အမ်ဘာပေဟာ လိုင်လီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ဝင်ကစားခဲ့ပေမယ့် ပြင်သစ်နည်းပြ ဒက်ချမ့်စ်နဲ့ တိုင်ပင်အပြီးမှာတော့ ပြင်သစ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။ အမ်ဘာပေနဲ့လည်း ဆွေးနွေးခဲ့ပြီးပြီဖြစ်သလို သူ့ရဲ့ဒဏ်ရာက မပြင်း ထန်ပေမယ့် အရဲစွန့်ပြီး အသုံးမပြုချင်တဲ့အတွက် ပြင်သစ်လူစာရင်းကနေ ချန်လှပ်ခဲ့တာ ဖြစ်တယ်လို့ နည်းပြ ဒက်ချမ့်စ်က နေးရှင်းလိဂ်ပြိုင်ပွဲတွေ မတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာတော့ အမ်ဘာပေဟာ ခြေထောက်ကြွက်သားဒဏ်ရာကနေ ပြန်ကောင်းလာခဲ့ပြီဖြစ်ပြီး ရီးရဲလ် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေတာပါတယ်။ ရီးရဲလ်အသင်းအတွက် ကစားချင်တာကြောင့် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ မရွေးချယ်ဖို့ တောင်းဆိုခဲ့တယ်လို့ ထင်ကြတဲ့အတွက်လည်း ပြင်သစ်အသင်းရဲ့ ပရိသတ်တွေက အမ်ဘာပေကို ဝေဖန်မှုတချို့ လုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

image