27 w - Translate

ဧရာဝတီစတင်ရာ ရေခဲမြစ်တို့ရဲ့ မြစ်ဖျားဦးခေါင်းဒေသတွေမှာ တွေ့ရတဲ့ ဒေသအခေါ် ဆူး(ရဝမ်) တောင်ပေါ်ရေကန်။ ဟိုအရင်က ဥယျာဉ်ထဲ ကင်းလှည့်သွားရင် တောထဲ တနေရာမှာ ဆားချီတွေ ရှာနေတဲ့ သားဖနှစ်ယောက်နဲ့ တွေ့တယ်။ စခန်းချညနေရောက်တော့ သားဖနှစ်ယောက်နေတဲ့ တဲထဲသွားပြီး စကားပြောဖြစ်။ တဲမှာ နေတဲ့ ဒေသခံ အဖိုးအိုက ဟိုတောင်ပေါ်မှာ ဆူးအကြီးကြီးရှိတယ်။ ဆရာသွားကြည့်ပါလို့ပြောတယ်။ကျွန်တော်လည်း ဘာလို့ ဆူးကို သွားကြည့်ခိုင်း သာလဲဆိုပြီး နညိးနည်းတော့ ကြောင်သွား၊ ဒါပေမဲ့ အလိုက်သင့် ဟုတ်ကဲ့လို့ပဲ ပြောလိုက်တယ်။ ကိုယ် အိပ်မဲ့ တဲပြန်ရောက်တော့မှ ဆူးဆိုတာ ဘာကိုပြောတာလဲလို့ မေးကြည့်တော့မှ ရေခဲတောင်ပေါ်က ရေကန်တွေကို ဆူးလို့ ခေါ်မှန်းသိခဲ့ရပါတယ်။
Photo by #tasunam Yin Aung

Wildlife by branshaung
#savenature

image