#ရခိုင်မုန့်တီသုပ် ပြုလုပ်နည်း
ငရုတ်သီး ငပိစိမ်းစား ငါးရွှေခြောက် (သို့) ငါးကြင်း နံနံပင် ကြက်သွန်နီ မန်ကျည်းအရည် ဆား အရသာမှုန့် ရေ တို့လိုအပ်ပါတယ်။
ငါးရွှေခြောက် သို့ ငါးကြင်း အား ရေအနည်းငယ်ဖြင့် အသင့်ပြုတ်ထားပေးပါ။ ပြီးရင် ငါးအသားဖတ်နွှင်ထားပေးပါ။
ငရုတ်သီးအားပြုတ်ထားပေးပါ။ ခနလေးဘဲပြုတ်လို့မရပါဘူး။ ငရုတ်သီးအစိမ်းနံ့ထွက်တက်လို့ ခပ်ကြာကြာလေးပြုတ်ပေးဖို့လိုပါတယ်။ ပြုတ်ပြီးသားငရုတ်သီးစိမ်းကို ညက်နေအောင်ထောင်းပေးပါ။
ချက်မည့်အိုးထဲသို့ ခုနကငါးပြုတ်ထားသောအရည် (ရလာသောငါးပြုတ်ရေအရမ်းနည်းနေရင် ရေရောနိုင်ပါသည်) ငပိစိမ်းစား ထည့်ပြီးတည်ထားပါ။ ဆူလာမှသာ ငါးအသားဖတ်များ နဲ့ ထောင်းထားသောငရုတ်သီး ဆား အချိုမှုန့် (အချိုမှုန့်မစားသူဆို အရသာမှုန့်အစားထိုးသုံးပါ) ထည့်ပြီး အရည်ပျစ်ပျစ်လေးရသည်အထိ ချက်ပေးရုံပါဘဲ။
ငါးအနှစ်ရပြီဆို မုန့်ဖတ် လှီးထားသော နံနံပင် ကြက်သွန်နီ ငံပြာရည် မန်ကျည်းရည် အချိုမှုန့် (အချိုမှုန့်မစားသူဆို အရသာမှုန့်အစားထိုးသုံးပါ) ထည့်ပြီး နယ်လို့ရပါပြီ။ ငါးဖယ် ပဲကြော် ပဲသွေးတို့ဖြင့်လည်းတွဲဖက်စားလို့ရပါတယ်နော်။ ချဉ်ငန်စပ် ရခိုင်မုန့်တီသုပ်တစ်ပွဲစာပြင်ဆင်နည်းလေးပါ။ အဆင်ပြေကြပါစေနော်။
Seinn Lei Hnin
Delete Comment
Are you sure that you want to delete this comment ?
Khine Su Zin
Delete Comment
Are you sure that you want to delete this comment ?