6 w - Translate

သုခဒဂုံအငှါးအိမ်ရာတွင် ငှားရမ်းနေထိုင်
ခွင့် ယခုလနောက်ဆုံးပတ်တွင် ထပ်မံရွေးချယ်မည်

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ သုခဒဂုံအငှားအိမ်ရာတွင် တတိယအသုတ်အတွက် အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို ယခုအောက်တိုဘာနောက်ဆုံးပတ်တွင် ထပ်မံ၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ၌ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆောက်အဦးများတွင် နေရေးအခက်အခဲ ရှိသူများအတွက် ငှား ရမ်းနေထိုင်ခွင့် လျှောက်ထားလာသော လျှောက်လွှာများကို စိစစ်ပြီး လျှောက်လွှာများနှင့် ယခင်မဲ_နှိုက်ခွင့်ရရှိပြီး မဲ_မပေါက်သော လျှောက်ထားသူများကို မဲစနစ်ဖြင့် ရွေးချယ် ငှားရမ်း နေထိုင်ခွင့်ပြုသွားမည် ဖြစ်သည်ဟု သိရသည်။

အိမ်ခန်းငှားရမ်းနေထိုင်ခွင့်အတွက် မဲ_နှိုက်ခွင့်ရရှိသူစာရင်းနှင့် မဲ_နှိုက်ရမည့် နေ့ရက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများတွင် အောက်တိုဘာ (၁၁) ရက်မှ (၂၅) ရက် အထိ အသိပေးကြေညာထားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်နေသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် ဆောက်လုပ်ပြီးစီးသွားသည့် အခန်း (၆၀၀) ခန့်ကို ငှားရမ်းနေထိုင်နိုင်ရန် မဲ_နှိုက်ရွေးချယ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းသို့ငှားရမ်းပေးနေသည့် အခန်းငှားခနှုန်းထားများများ (၄၆၀၀၀)ကျပ် မှ (၆၇၀၀၀)ကျပ် ထိသတ်မှတ်ထားပြီး ပထ မထပ် (၆၇၀၀၀)ကျပ်၊ ဒုတိယထပ် (၆၀၀၀၀)ကျပ်၊ တတိယထပ် (၅၅၀၀၀) ကျပ်နှင့် စတုတ္ထထပ် (၄၆၀၀၀)ကျပ် ဟူ၍ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

image