6 w - Translate

ပြည်တွင်း၌ ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ယခု ရက်သတ္တပတ်များအတွင်း ပြည်တွင်းရှိ မြို့ရွာများအနီး ဗဟိုပြု၍ ငလျင်များလှုပ်ခတ်မှု ဆက်တိုက်ဖြစ်ပေါ်နေနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ အသိပေးထုတ်ပြန်ချက်များအရ သိရသည်။

ယနေ့ အောက်တိုဘာ (၁၄) ရက် မွန်းလွှဲပိုင်းတွင်လည်းက ချင်ပြည်နယ်၊ တနိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၀)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။

ယနေ့ မွန်းလွှဲ (၁)နာရီ၊ (၃၂)မိနစ်၊ (၃၆) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၅၅) မိုင်ခန့် အကွာ မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့ တောင်ဘက် (၁၉) မိုင်ခန့် အကွာ)၊ မြောက်လတ္တီ တွဒ် (၂၆. ၁၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၈)ဒီဂရီ၊ အနက် (၁၁) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၁)ရက်ကလည်း စစ်ကိုင်းငလျင်ကြောပေါ်ရှိ မြို့ခြောက်ခုတွင် အင်အားအသင့်တင့်ရှိသည့် ငလျင်လှုပ်ခဲ့ပြီး မန္တလေး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ စစ်ကိုင်း၊ မုံရွာနှင့်ရွှေဘိုတို့တွင် လှုပ်ခတ်မှုကို သိသာခဲ့သည်ဟု ဒေသခံများက လူမှုကွန်ရက်တွင် မျှဝေထားသည်။

image