6 w - Translate

စက်ဘီးအရေအတွက်က လူဦးရေထက် ပိုများတယ် ထင်ရတဲ့နိုင်ငံ (သို့) နယ်သာလန်။
ဟုတ်ပါတယ်။ နယ်သာလန်နိုင်ငံမှာ စက်ဘီး ၁၈ သန်းလောက် ရှိပါတယ်။ Bakfiets လိုခေါ်တဲ့ တွဲယာဉ်တွေပါ ပါတယ်။
သူတို့လူမျိုးဟာ တစ်နေ့ပျမ်းမျှ ၁ .၈ မိုင်လောက် စက်ဘီးစီးကြပါတယ်။ သူတို့ခရီးစဉ်ရဲ့ ၂၅ ရာခိုင်နှုန်းကျော်ကိုစက်ဘီးနဲ့သာ သွားကြပါတယ်။
အဲ့ဒီနိုင်ငံရဲ့ မြို့တစ်မြို့ဆိုရင် ကား လုံးဝမရှိပါဘူး။ မြို့အမည်က ဟော်တန် (Houten) ဖြစ်ပြီးတစ်မြို့လုံး စက်ဘီးလမ်းပဲ ရှိပါတယ်။
မော်တော်ကားကင်းစင်မြို့အဖြစ် သတ်မှတ်ကြပါတယ်။
မြို့နေလူထုဟာ စက်ဘီးကို အသုံးပြုပြီး သွားလာကြတာ ၁၉၈၀ ခုနှစ်ကတည်းကပါပဲ။
ဒါ့ကြောင့် နယ်သာလန်ရဲ့ စက်ဘီးမြို့တော်ဆိုတဲ့ ဆုကို ၂၀၁၈ ခုနှစ်မှာ ရရှိခဲ့ပါတယ်။
ဒီမြို့မှာ ယာဉ်မတော်တဆမှုဆိုတာ ဆယ်စုနှစ်တွေကြာအောင် မဖြစ်ပါဘူးတဲ့။
ဒီမြို့ကို ဒီဇိုင်းဆွဲခဲ့တဲ့ ဗိသုကာ Rob Derks ဆိုသူက လူသွားလမ်းနဲ့ စက်ဘီးစီးဖို့လမ်းတွေကိုသာ ဦးစားပေးရေးဆွဲခဲ့တာပါ။
လမ်းတွေမှာလဲ အရှိန်လျော့စေမဲ့ အတားအဆီးတွေ တပ်ဆင်ထားပါတယ်။
Credit Wise News

image