အမေ့အိမ်ပြန်ချင်လို့
အချစ်ကိုစိတ်ထဲမှာမှတ်ပြီး
သူစိမ်းအိမ်တံခါးခေါက်အလည်သွားတဲ့ညတွေ
နှစ်လိုဖွယ်မရှိတဲ့အပြုံးတွေအောက် ရှည်လျားခဲ့ရ၊
မပီတဲ့ဆက်ဆံရေးမှာ အိမ်ပြန်လမ်းကျပျောက်နေဆဲ
မှောင်မိုက်ခြင်း သိမ်ငယ်ခြင်းတွေဟာ အနန္တစကြာဝဠာလို၊
ဗျို့....ကိုငြိမ်းမောင် ကိုယ်ချင်းစာမီးလေး
ခဏထွန်းပေးစမ်းပါ အမေ့အိမ်ပြန်ချင်လို့။
#pantawoo