27 w - Translate

စိုးလင်းဦးနှင့် ONE ရဲ့ ဒေါ်လာ ၁ သိန်းတန် စာချုပ် ဂယက်..
............................................

မနေ့ညက စိုးလင်းဦးနဲ့ ပေါ်တူဂီဖိုက်တာ ဖာဘီယိုတို့ရဲ့ ပွဲမှာ ပွဲကြေငြာသူက
“ ဒီဖိုက်တာ ၂ ယောက်ဟာဒေါ်လာ ၁ သိန်းတန် စာချုပ်အတွက် အကြိတ်အနယ် ယှဥ်ထိုးနေကြတယ် “ ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဒါကြောင့် တချို့က စိုးကြီးဟာ ဒီပွဲအပြီးမှာ ဒေါ်လာ ၁ သိန်းတန်စာချုပ် ချုပ်ခွင့်ရခဲ့တာကြောင့် ဘောနပ်စ် မရတာလို့ ထင်နေကြသလို တချို့ကလည်း ပွဲနိုင်လိုက်တဲ့အတွက် ဒေါ် လာ ၅ သောင်းရသွားတယ်လို့ ပြောနေကြပါတယ်။

စာရေးသူ သိရသလောက်တော့ ONE ပွဲကြီးအတွက် ဒေါ်လာ ၁ သိန်းတန် စာချုပ်က ၄ ပွဲလောက် ဆက်တိုက်နိုင်ပြီး ချက်ထရီအကြိုက် အလဲထိုးတွေ များရင်၊ ဖိုက်တာရဲ့ နောက်မှာ သူ့ဖန်တွေ အများကြီး ဝန်းရံပါလာရင် စာချုပ်လေ့ ရှိတာပါ။

လက်ရှိမှာ စိုးကြီးက ၂ ပွဲဆက် အလဲထိုး အနိုင်ယူထား ပေမယ့် ၁ သိန်းတန် စာချုပ်ချုပ်ဆိုတော့မယ်ဆိုတဲ့ ကမ်းလှမ်းချက် မရသေးပါဘူး။
ဒါကလည်းချက်ထရီအပေါ် မူတည်နေတာပါ။

ပုံမှန် လမ်းကြောင်းအရ ဆိုရင် နောက်ပွဲမှာ စိုးကြီးဟာ လာမယ့် ပွဲတွေမှာ ပိုဆရာ ကျတဲ့ ဖိုက်တွေ တချို့နဲ့ ထပ်တွေ့ဖွယ်ရှိပြီး ၂ ပွဲလောက် ထပ်နိုင်သွားရင် ONE ပွဲကြီးအတွက် သေချာပေါက် စာချုပ်ခွင့် ရမှာပါ။

ညက ပွဲကြေငြာသူ ရဲ့ ပြောစကားကလည်း ဒီဖိုက်တာ ၂ ယောက်ဟာ ခုပွဲနိုင်ရင် ရှေ့အလားအလာ နဲ့ ရနိုင်ဖွယ် အခွင့်အရေးကို လူစိတ်ဝင်စားအောင် ပြောသွားတာမျိုး ဖြစ်နိုင်ပါတယ်။

လောလောဆယ်အချိန်ထိတော့ စိုးကြီးကို ONE က ဒေါ်လာ ၁ သိန်းတန် စာချုပ် မကမ်းလှမ်းသေးပါခင်ဗျား..

image