#ပသျှူးထမင်းကြော်
မုန်လာဥနီ ပန်းဂေါ်ဖီ အစရှိတဲ့ နှစ်သက်ရာအသီးရွက်လှီးဖြတ်ထားပါ။ ထမင်းအားချေပြီး ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် တရုတ်မဆလာ ထည့်ပြီးနယ်ထားပေးပါ။ ဘဲဥတစ်လုံးအားမွှေကြော်ထားပြီး အသင့် ပန်းကန်ထဲသို့ခပ်ယူထားပေးပါ။ ငရုတ်သီးစိမ်း ညှပ်ထားပေးပါ။ ကြော်ဖို့အတွက် ဆီထည့်ပြီး ဆီဆူလာရင် ငရုတ်စိမ်းမှုန့် တစ်ဇွန်းထည့်ပြီးအရင်ဆီသပ်ပါ။ ပြီးမှ လှီးထားသော အသီးရွက်များထည့်ကြော်ပါ။ ခရုဆီ ပဲငံပြာရည် ထည့်ပါ။ အသီးရွက်နွမ်းပြီဆိုမှ ချေထားသောထမင်း ရှမ်းချဉ် နဲ့ ငရုတ်သီးစိမ်းထည့်ပြီး မွှေပေးပါ။ နောက်ဆုံးမှ ဘဲဥမွှေကြော်ပြန်ထည့်ပြီး အစုံသမအောင်မွှေပေးရင် ရပါပြီ။