6 w - Translate

(#မြေငူကျွန်း_ရခိုင်ကမ်းလွန်မှအနောက်ဖက်အကျဆုံးလူနေထိုင်သည့်ကျွန်း)

မြေငူကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင်းတွင် တည်ရှိသည့် ကျွန်းတစ်ခုဖြစ်သည်။ ရခိုင်ကမ်းလွန်ဒေသ တွင် ပါဝင်သည့် ကျွန်းတစ်ခုဖြစ်ကာ စစ်တွေမြို့၏ အရှေ့တောင်ဘက် ၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး အရှေ့ဘက်ရှိ ပိန္နဲချေင်းကျွန်းနှင့် ၂၂ ကီလိုမီတာခန့်ကျယ်သော ဖရုံကာရေလက်ကြား( ဆင်တမော် ရေလက်ကြား)ဖြင့် ပိုင်းခြားထားသည်။

မြေငူကျွန်း

မြေငူကျွန်း သည် ရခိုင်ကမ်းလွန်ဒေသ တွင် တည်ရှိသည်။

ကိုဩဒိနိတ်: 19580N 925915E

တည်နေရာ
ရခိုင်ကမ်းလွန်ဒေသ

ဧရိယာ
စုစုပေါင်း
၄၂ စတုရန်းကီလိုမီတာ (၁၆ စတုရန်းမိုင်)

ပင်လယ်ရေ မျက်နှာပြင်အမြင့်
၃၀၆ မီတာ (၁၀၀၄ ပေ)

အချိန်ဇုန်
မြန်မာစံတော်ချိန် (UTC+6:3

ပထဝီဝင်

မြေငူကျွန်းသည် ရခိုင်ပြည်ရှိ ဖရုံကာကျွန်းများအနက် အနောက်ဘက် အစွန်ဆုံး ကျွန်းလည်းဖြစ်သည်။ အနောက်ဖရုံကာကျွန်းဟုလည်းခေါ်သည်။ မြေငူကျွန်းသည် ၃၃ ကီလိုမီတာရှည်လျားကာ အကျယ်မှာ ၃.၈ ကီလိုမီတာခန့်ရှိသည်။ မြေငူကျွန်းတွင် ရွာပေါင်း ၂၂ ရွာရှိသည်၊ ကျွန်း၏ တောင်ဘက်ပိုင်းတွင် ကုလားသိမ်ရွာနှင့် မြောက်ဘက်ပိုင်းတွင် သဲခုံရွာတို့ တည်ရှိသည်။ ပြိုင်းတောင်ကျေးရွာအုပ်စု၊ပြိုင်းတောင်ကျေးရွာသည်မြေငူကျွန်းတွင်လူဦးရေအများဆုံးနေထိုင်သောကျေးရွာဖြစ်သည်။ ကျွန်းမြောက်ဖျားပိုင်း သဲခုံသောင်ပေါ်တွင် တည်ရှိသော သဲခုံရွာသည် နှစ်စဉ် ပင်လယ်ရေ တိုက်စားမှုကြောင့် ရွာတည်နေရာ အကျယ်အဝန်းမှာ ဖြည်းဖြည်းချင်း တိုက်စားရေမြုပ်လာနေသည်။ မြေငူကျွန်းအား အရှေ့နှင့်အနောက်ကို တောင်တန်းမှနေရာယူထားသည်ကျွန်း၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ကုန်းလမ်းခရီးဖြင့် သွားလာနိုင်ရန်အလို့ငှာ မြေသားလမ်း ဖောက်လုပ် ဆောင်ရွက်လျက်ရှိသည်။ ကျွန်း၏အရှေ့ဘက်တွင်ရွာချင်းစပ်ဖေါက်လုပ်ထားသောမြေသားလမ်းမရှိသောကြောင့် ရေလမ်းကိုသာအသုံးပြုနေရသည်။

>>>

#crd
#naymyowin #ရခိုင်tiktok #ရခိုင်edit

imageimage
+9