သိပ်သန်မာသလို သူစိမ်းတွေရှေ့မှာ
ဟန်ဆောင်ထားခဲ့ရသမျှ မင်းရှေ့မှာတော့
အရှိကို အရှိအတိုင်းဖော်ပြလို့ရမယ် ထင်ခဲ့တာ ။
တကယ်တမ်းကျတော့ မရဘူးပဲ ကိုယ့်ရဲ့ အဆင်မပြေခြင်းတွေကို ရင်ဖွင့်မိရင် ကိုယ်ကပဲ လူတိုင်းနဲ့
အဆင်မပြေနေသလိုမျိုး မင်းက ဦးအောင် အပြစ်တင်တယ် ။
မပြိုလဲရဲလို့ ငိုမိရင် မျက်ရည်လွယ်လိုက်တာ
အားတိုင်း မျက်ရည်ကျနေတာပဲဆိုတဲ့ စကားလုံးတွေနဲ့
ထိုးနှက်တယ် ။
ဘယ်အရာမဆို မင်းကိုတော့ ပြောပြလို့ရမယ်ထင်ခဲ့တာ ။
တစ်ခုခုဆို ကိုယ်ရှေ့မှာ ရှိနေပေးမယ်ထင်ခဲ့တာ ။
တကယ်တမ်းကျတော့ မင်းလည်း တခြားလူတွေလိုပါပဲ
ဘယ်အဆင်မပြေမှုမှာမဆို ကိုယ့်ကိုပဲ အပြစ်မြင်တယ် ။
#spicylife