ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု
■ စပိန်အသင်းက ဒိန်းမတ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ ကြယ်ပွင့် ယာမားလ်ဟာ စပိန်အသင်းလူစာရင်းကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းထံ ပြန်ခဲ့ပါတယ်။ စပိန်အသင်းကတော့ ယာမားလ်ဟာ ဒဏ်ရာရခဲ့ခြင်းမရှိပေမယ့် ဘယ်လိုစွန့်စားမှုမှမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
■ မန်ယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အင်္ဂလန်နောက်ခံလူ မက်ဂွဲယားကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ မက်ဂွဲယားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)ကနေ ပေါင်(၁၀)သန်းအထိ လျှော့ချခဲ့တယ်လို့သိရပါတယ်။
>>>>
■ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ဟာ ဘာစီလိုနာအသင်းနဲ့အပြိုင် ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ဆာနေးကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၅ ဇွန်ဆိုရင် ကုန်မှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကလည်း ရပ်တန့်နေတာဖြစ်ပါတယ်။
■ ဆန်းဒါးလန်းအသင်းဟာ အကယ်ဒမီထွက် ဟန်ဒါဆန်ကို အိုင်းယက်စ်အသင်းကနေ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကာလတိုစာချုပ်နဲ့ခေါ်ယူနိုင်ဖို့လုပ်ဆောင်နေပါတယ်။ ဟန်ဒါဆန်ဟာ အိုင်းယက်စ်အသင်းမှာ ရုန်းကန်နေရတာကြောင့် ထွက်ခွာချင်နေတာဖြစ်ပါတယ်။
■ ချယ်လ်ဆီး၊စပါးနဲ့ လီဗာပူးလ်အသင်းတို့ဟာ အင်္ဂလန်ယူ-၂၁ တောင်ပံကစားသမား ဂစ်တန်စ်ကို စောင့်ကြည့်မှုတွေပြုလုပ်ဖို့ ကင်းထောက်တွေစေလွှတ်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းနဲ့ ၂၀၂၈ အထိစာချုပ်ရှိနေတဲ့ ဂစ်တန်စ်ဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် (၉)ပွဲကစားထားပြီး (၄)ဂိးသွင်းယူကာ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။
■ မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ကိုဘီမေနူးကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် သဘောတူညီမှုမရရှိသေးဘူးလို့ သိရပါတယ်။ ကိုဘီမေနူးနဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၇ ဇွန်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။