6 w - Translate

၁၃.၁၀,၂၀၂၄ မှ ၁၉.၁၀.၂၀၂၄ အတွင်း (၇)ရက်သားသမီးများအတွက် အဟောများ

တနင်္ဂနွေ သား/သမီး--
စိးပွားငွေကြေးကံ သင့်၍ ကြိုးသားသလောက်အကျိုးခံစားရမည့် ကာလဖြစ်သည်။ ရရန်ရှိသောငွေကြေးအချို့ နှောင့်နှေးကြန့်ကြာနေတတ်သည်။ကျန်းမာရေးတွင် အစာအိမ်၊အသည်းရောဂါနှင့် ဝမ်းချုပ်တတ်ခြင်း သတိပြုပါ။ပညာရေးကံ မြင့်မား၍
ကြိုးစားသလောက် အောင်မြင်မှု အထူးရတတ်သည်။အချစ်ရေး
ကံ ညံ့တတ်၍ စကားများ
ကာ ဆက်ဆံရေး ယာယီ
ပြတ်တောက်တတ်မည်။
အိမ်ထောင်ရေးကံ အထူးအညံ့မရှိပါ။ပုံမှန်အိမ်ထောင်ရေးဘဝကို ဖြတ်သန်းနေရမည်။
ယတြာ--- တနင်္ဂနွေနေ့တွင်
စေတီတစ်ဆူ၏ တနင်္ဂနွေထောင့်တွင် အောင်လံအဝါရောင်(၆) လက်၊အုန်း(၆) ညွန့်လှူ၍ လိုရာဆုတောင်းပါ။
-----
တနင်္လာ သား/သမီးအတွက် အဟောများ--
စီးပွားငွေကြေးကံ
သင့်တင့်စွာကောင်းမွန်နေသော်လည်း ရရန်/ ပေးရန်ကိစ္စများကြောင့် စိတ်ပင်ပန်းနေရတတ်မည်။ကျန်းမာရေး ကောင်းမွန်နေတတ်၍ ယာယီ အညံ့မျိုးလောက်သာ သတိပြုရမည်။ဝမ်းပျက်တတ်ခြင်း ဝမ်းဗိုက်တွင်း မအီမလည် ခံစားရတတ်ခြင်းမျိုး သတိပြုပါ။ပညာရေးကံ အညံ့မရှိပါ။ပုံမှန် ပညာသင်ကြားမှုဘဝမျိုးသာ ဖြတ်သန်းနေရမည်။အချစ်ရေးတွင် အမြင်မတူမှုကြောင့် စကားများ ရန်ဖြစ်နေရတတ်မည်။အိမ်ထောင်ရေးကံညံ့၍
လမ်းခွဲရသည်ထိ ကြုံနိုင်၍ သတိပြုရမည်။
ယတြာ-- တနင်္လာနေ့တွင် ‌စေတီတစ်ဆူ၏ တနင်္လာထောင့်တွင် ကံ့ကော်(၂)ညွန့်နှင့် ဆီး(၃)ညွန့်တွဲ၍ ကပ်လှူပေးပါ။
----
အင်္ဂါသား/သမီးအတွက်--
လုပ်ငန်း၊ငွေကြေး တိုးတက်မှု ရှိသင့်သလောက်ရှိသော်လည်း
ငွေကြေးလည်ပတ်မှု
ကြပ်တည်းနေတတ်မည်။
ကျန်းမာရေး တွင် အစာအိမ်၊အသည်း၊နှလုံး
ရောဂါထဲမှ သတိပြုရမည်။ပညာရေးတွင်
ပညာသင်လိုစိတ် ပျောက်ဆုံးနေတတ်၍ အတတ်နိုင်ဆုံး ကြိုးစားဖို့ လိုအပ်ပါမည်။အချစ်ရေးကံ ကောင်းမွန်၍
စန်းပွင့်လွန်းနေတတ်ပါမည်။ချစ်သူအရင်မမှားရအောင် အနေအထိုင်သတိပြုရပါမည်။အိမ်ထောင်ရေး သာယာအဆင်ပြေနေမည်။
ယတြာ-- စေတီတစ်ဆူ၏ အင်္ဂါထောင့်တွင် ယပ်အနီ(၈)လက်လှူ၍ အခက်အခဲများ ပျောက်လွင့်ရန် ဆုတောင်းပါ။အင်္ဂါနေ့တွင် လုပ်ဆောင်ပေးပါ။
---
ဗုဒ္ဓဟူး သား/သမီးအတွက်--
အလုပ်များလွန်း၍ လူပင်ပန်း စိတ်ပင်ပန်း ဖြစ်နေရတတ်မည်။ငွေးကြေး
ပုံမှန်လည်ပတ်နေမည်။ကျန်းမာရေး ပြဿနာအထူးမရှိသော်လည်း
အက်စီးဒန့် ကြုံရခြင်းမျိုး
သတိပြုပါ။ပညာရေးတွင် အောင်မြင်မှုများ ရရှိနေမည်။အချစ်ရေးတွင် အပြိုင်ချစ်ရေးဆိုခံရတတ်၍ ရွေးရခက်သော
ပြဿနာမျိုးနှင့် ကြုံရတတ်မည်။အိမ်ထောင်
ရေး အဆင်ပြေသာယာနေပါမည်။
ယတြာ--- စေတီတစ်ဆူ၏
ဗုဒ္ဓဟူးထောင့်တွင် ဗုဒ္ဓဟူးနေ့၌ ရွက်လှ(၄) ညွန့်လှူဒါန်း၍ ရေသက်စေ့ သပ္ပာယ်ပေးပါ။
----
ကြာသပတေး သား/သမီး အတွက်---
လုပ်ငန်းများ နှေးကွေးတုံ့ဆိုင်နေတတ်မည်။ငွေကြေးကံကား သင့်တင့်ပါမည်။ကျန်းမာရေး သတိပြုပါ။ဆီးအိမ်ဆိုင်ရာရောဂါ ကျောက်ကပ်ရောဂါထဲမှသတိပြုပါ။
ပညာရေး အောင်မြင်တိုးတက်မှုရှိနေပါမည်။အချစ်ရေး ရှုပ်ထွေးမှုရှိ၍
ပြဿနာပေါ်တတ်၍ သတိပြုပါ။အိမ်ထောင်ရေး တွင်
မကြာခဏ စကားများနေရတတ်မည်။
ယတြာ--စေတီတစ်ဆူ၏ကြာသပတေးထောင့်တွင် ကြာသပတေးနေ့၌
စပါယ်ပန်း(၅)ကုံး ကပ်လှူပေးပါ။
---
သောကြာ သား/သမီးအတွက်--
စီးပွးလုပ်ငန်းမတည်ငြိမ် လှုပ်ခတ်မှု များနေတတ်မည်။ငွေကြေး ပုံမှန်လောက်ရနေမည်။နေ့စဥ်ဝင်ငွေတွင်ကား အတက် အကျ များနေတတ်မည်။ကျန်းမာရေးတွင် ခွဲစိတ်ကုမှုခံယူရတတ်ခြင်းမျိုးသတိပြုပါ။လိပ်ခေါင်း၊အစာလမ်းကြောင်း၊ဆီးလမ်းကြောင်း၊ကျောက်ကပ်ရောဂါထဲမှ သတိပြုပါ။ပညာရေးကံ အညံလပိုင်ရောက်နေ၍ ကျိုးစားသလောက် အရာမထင် ဖြစ်နေတတ်မည်။စန်း မရှိသောအချိန်မျိုးဖြစ်၍ အချစ်ရေး အဆင်မပြေဖြစ်နေရတတ်မည်။အိမ်ထောင်ရေးကံ အညံ့ရှိ၍ မပြိုကွဲအောင် ထိမ်းညှိနိုင်ဖို့လိုပါမည်။
ယတြာ--စေတီတစ်ဆူ၏ သောကြာထောင့်တွင် သောကြာနေ့၌ သီဟို(၆)
ညွန့်လှူ၍ လိုရာဆုတောင်းပါ။
----
စနေ သား/ သမီးအတွက်---
လုပ်သမျှအရာမထင်
အဆင်မပြေဖြစ်နေတတ်မည်။စိတ်ထင်ရာ တဇွတ်ထိုး လုပ်လိုစိတ်ကို တတ်နိုင်သမျှ ထိမ်းချုပ်ထားရန်လိုပါမည်။
ငွေကြေးကား ရသင့်သလောက် ရနေပါမည်။ကျန်းမာရေး တွင် စိတ်ဖိစီးမှုကြောင့် သရိုးသရီ
ခံစားနေရတတ်မည်။ရောဂါ မယ်မယ်ရရ မရှိဖြစ်နေတတ်မည်။ပညာရေးကံ တည်ငြိမ်နေမည်။အောင်မြင်မှု ရှိနေမည်။အချစ်ရေး တွင် ချစ်သူနှင့် ခေတ္တဝေးကွာနေရတတ်မည်။အိမ်ထောင်ရေးကံညံ့၍
နားလည်မှုလွဲနေသည်ကို
မဖြေရှင်းနိုင်က ကွဲကွာမှုစီ ဦးတည်သွားတတ်၍ သတိပြုပါ။
ယတြာ--စနေနေ့တွင် စေတီတစ်ဆူ၏ စနေထောင့်၌ ပိတောက်(၁၀)
ညွန့်လှူပေးပါ။နှမ်းဆီဖြင့် ဆီမီးပူဇော်ပေးပါ။ဆီမီး
(၁၀) ခွက် ထွန်းညှိပူဇော်ပေးပါ။---
--

ဆရာ ဝင်းမင်း (B.Sc)