7 w - Translate

#သာကူပြင်

သာကူကို ၁၀မိနစ်ခန့်ရေစိမ်ထားပေးပါ။ ရေအနည်းငယ် နဲ့ သကြားခပ်များများကို မီးအေးအေးဖြင့် ဆူသည်အထိ ကျိုပေးပါ။ ပြီးမှ ရေစိမ်ထားသော သာကူကိုထည့်ပါ။ ဆားအနည်းငယ်လည်းထည့်ပြီး တူးမသွားစေရန် အဆက်မပြတ်မွှေပေးနေပါ။ အရည်ပျစ်လာပြီး သာကူအစေ့ပျောက်လောက်ပြီဆို ဗန်း ထဲသို့ လောင်းချပြီး အအေးခံပါ။ readymade အုန်းနို့ဗူးကို ဖောက်ပြီး မီးအေးအေးကျိုပါ။ ပျစ်လာပြီဆိုမှ သကြား ဆား အနည်းငယ်ထည့်ပြီး အအေးခံပါ။ သာကူပြင်အပေါ်မှ ဆမ်းကာ အချိုပွဲ သာကူပြင် စားလို့ရပါပြီ။

image