7 w - Translate

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် စံပြရွာ စီမံကိန်းစတင်မိတ်ဆက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် အုန်းပင်စုရွာကို မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းအဖြစ် စံပြရွာစီမံကိန်း စတင်မိတ်ဆက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှ တဆင့်သိရသည်။

ယင်း စံပြရွာ စီမံကိန်းကို အောက်တိုဘာ (၁၂)ရက်က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

အထက်ပါ စံပြရွာ စီမံကိန်းသည် တရုတ်နိုင်ငံ၏ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးရန်ပုံငွေ ပံ့ပိုးပေးမှုဖြစ်ကာ စံပြကျေးရွာ စီမံကိန်းများအပြင် ဘက်စုံကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေး လုပ်ငန်းစီမံကိန်းများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းမိတ်ဆက်အခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုးလည်း တက်ရောက်ခဲ့ပြီး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထူးအလေးထားလုပ်နေကာ တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး အတွက်လည်း လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

image