ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့သားများက အပတ်စဉ် ပုဂံတွင် အမှိုက်ကောက် ကမ်ပိန်းပြုလုပ်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းတွင် ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့သားများက စနေ့နေ့၌ အပတ်စဉ် အမှိုက်ကောက် ကမ်ပိန်းပြုလုပ်နေသည်။
ယမန်နေ့ စနေ့နေ့တွင်မူ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့သားများသည် သရပါတံခါးမှ စတင်ကာ နန်းတော်ရာ ၊ ရွှေဂူကြီး ၊ သဗ္ဗုညုဘုရား ၊ အာနန္ဒာ ဘုရားကားရပ်နားကွင်း တို့တွင် ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းပြီး၊ Sunset ကြည့်ရန် ပြုလုပ်ထားသော နေရာများတွင် အလွယ်တကူ အမှိုက်ပစ်နိုင်ရန် အမှိုက်ပုံးများ ချထားခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ရက် စနေနေ့ကလည်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့သားများသည် ဝက်ကြီးအင်းချောင်းထိပ်မှ စတင်ကာ တောင်ဘီရွာလမ်းခွဲထိ လမ်းဘေးဝဲယာရှိ ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းပြီး ကုသိုလ်ယူခဲ့ကြကြောင်းလည်း သိရသည်။