အချစ်ဆိုတာ မခင်ပျိုရယ်၊ မျက်နှာလား၊ အသံလား၊ ကိုယ်လုံးလား၊ အသံလား၊ ဟန်လား။ အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးသက်ရာက်မှုလား။ လူတွေ ညာပြောနေကြတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော် လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်က စပြီး မုသားတွေ မမြင်သာအောင် ဖုံးဖို့ ဝှက်ဖို့ နေရာကောင်းတခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှ ပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲ မခင်ပျိုရယ်။ ရချင်ယူချင်တာ ပိုင်ဆိုင်ချင်တာပါ။ ငါတော့ ပေးဆပ်လိုက်ပြီလို့ သူ့ကိုယ်သူ ထင်နေတဲ့ သူကိုတော့ ထင်နေပါစေလေ။ ကျွန်တော်တော့ ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။
ဆရာ ဇော်ဇော်အောင်
Crd