ဘရာဇီးပြည်တွင်းရှုံးထွက်ဖလား Bahia 2-1 Vitoria ပွဲစဉ်မှာ Bahia ရဲ့အနိုင်ဂိုးကို နောက်ခံလူ Kanu ကသွင်းယူပေးခဲ့ပါတယ်။
ပုံကတော့ ပွဲအပြီး အင်တာဗျူးဖြေနေတဲ့ Kanu ကို သူ့အမေက ဂုဏ်ယူစွာ ငေးကြည့်နေတာဖြစ်ပါတယ်။
နင်ဒါမလုပ်နဲ့ ငတ်မယ်ဆိုတဲ့အမေဖြစ်ဖြစ်... ငါ့သားဝါသနာပါတာလုပ်ပါဆိုတဲ့ အမေပဲဖြစ်ဖြစ် တကယ်တမ်းကျရင်တော့ ကိုယ်ရွေးချယ်တဲ့လမ်းမှာ ခလုတ်မထိ ဆူးမငြိဖို့ အရိပ်တကြည့်ကြည့်စောင့်ရှောက်ပေးတာ၊ အောင်မြင်မှုတိုင်းအတွက် ဂုဏ်ယူပေးတာ၊ ကျရှုံးမှုတိုင်းအတွက် ရင်ခွင်တခုအဖြစ်ရှိနေပေးတာ အမေတွေပါပဲ။
