7 w - Translate

ငါးဖယ်ကို ဆား၊အချိုမှုန့်လေးထည့်ပါ။ဂျင်း၊ကြက်သွန်ဖြူကို ညက်ညက်လေးထောင်းပါ။ပြီးရင် ငါးဖယ်ထည့်ထောင်းပါ။ထောင်းပြီးကြိုက်သလို အလုံးလေးတွေ လုပ်ပြီး မကျက်တကျက်လေးကြော်လိုက်ပါ။ကျက်စရာမလိုပါ။ကြက်သွန်နီ၊ဖြူကို ထောက်းထားပါ။ခရမ်းချဉ်သီးလေးကိုပါးပါးလှီး။ဆီအိုးတည်ပြီး ထောင်းထားတဲ့ကြက်သွန်နဲ့ ခရမ်းချဉ်သီးကိုထည့်ပါ။ဆနွင်းမှုန့် အရောင်တင်မှုန့်ကိုထည့်ပြီး ခရမ်းချဉ်သီးတွေ ကြေအောင်ဆီသတ်ပါ။ကြေသွားရင် ကြော်ထားတဲ့ငါးဖယ်ထည့်ပါ။ရေနဲနဲထည့်၊ငံပြာရည်၊အရသာမှုန့်ထည့်၊ငရုတ်သီးစိမ်း နံနံပင်လေးအုပ်ပြီး ဆီပြန်ရင် ကျက်ပါပြီ

image