ရေတာရှည်မြို့၏ အရှေ့မြောက် (၈) မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်) တာစကေး (၃.၀) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား
မြန်မာနိုင်ငံပြည်တွင်း ရေတာရှည်မြို့၏ အရှေ့မြောက် (၈) မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်) တာစကေး (၃.၀) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြေငလျင်သတင်း ထုတ်ပြန်ချက်အရ သိရသည်။
တောင်ငူမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက်(၁၃) မိုင် ခန့်ကွာဝေးသော နေရာတွင် လှုပ်ခတ်ခဲ့ကြောင်း မိုး/ဇလမှ တိုင်းထွာရရှိကြောင်း ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာ (၁၃) ရက်၊ နံနက် (၁)နာရီ၊ (၂၂)မိနစ်၊ (၅၆)စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (ရေတာရှည်မြို့၏ အရှေ့မြောက် (၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၁၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိချက်အရ သိရသည်။