27 w - Translate

အပိုဆုကြေးအများဆုံး Charles Oliveira

အပိုဆုကြေးဆိုလို့ ရှင်းပြရဦးမယ်။ UFC အဖွဲ့အစည်းက အပိုဆုကြေး (၄) မျိုးခွဲထားခဲ့ဖူးတယ်။ Fight of the Night ၊ Knockout of the Night ၊ Submission of the Night နဲ့ Performance of the Night ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Dana White က Knockout of the Night နဲ့ Submission of the Night အပိုဆုကြေးတွေကို ဖြုတ်ချတယ်။ အဲဒါတွေက အခုမရှိတော့ဘူး။

လက်ရှိအချိန်မှာ UFC အဖွဲ့အစည်းက Fight of the Night နဲ့ Performance of the Night အပိုဆုကြေးပဲပေးတယ်။ Fight of the Night က အကောင်းဆုံးတွဲဆိုင်းဖြစ်ပြီး ကစားသမားနှစ်ယောက်လုံးရတယ်။ Performance of the Night က စွမ်းဆောင်ရည်အပိုဆုကြေးဖြစ်ပါတယ်။ ပွဲသိမ်းနိုင်တဲ့ ကစားသမားတွေကို ပေးလေ့ရှိပါတယ်။

UFC အဖွဲ့အစည်းမှာ အပိုဆုကြေးအများဆုံး ကစားသမားက Charles Oliveira ဖြစ်တယ်။ အပိုဆုကြေး (၁၉) ကြိမ်အထိရဖူးတယ်။ Fight of the Night (၃ ကြိမ်) ၊ Performance of the Night (၁၃ ကြိမ်) နဲ့ Submission of the Night (၃ ကြိမ်) ဖြစ်ပါတယ်။ Charles Oliveira က UFC အဖွဲ့အစည်းကို ၂၀၁၀ ခုနှစ်မှာ ရောက်လာတာပါ။ Submission of the Night အပိုဆုကြေးတွေကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မတိုင်ခင်မှာ ရဖူးတယ်လို့ မှတ်ယူနိုင်ပါတယ်။

အပိုဆုကြေးက ဒေါ်လာ (၅) သောင်း။ Charles Oliveira က (၁၉) ကြိမ်ရတာဆိုတော့ ဒေါ်လာ (၉) သိန်းခွဲ။ နောက်တစ်ကြိမ်သာထပ်ရရင် အပိုဆုကြေးတင် ဒေါ်လာ (၁) သန်းပြည့်လိမ့်မယ်။ အပိုဆုကြေးတွေရပြီး သန်းကြွယ်သူဌေးဖြစ်လာနိုင်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

CMKN Gas Stoves ဆိုတာက စားသောက်ဆိုင်၊ ဟိုတယ်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို မြန်မာတစ်နိုင်ငံလုံးမှာ တစ်ဦးတည်းမူပိုင် ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး မြို့ကြီးတွေမှာလည်း ဆိုင်ခွဲတွေအများကြီး ဖွင့်လှစ်ထားပါတယ်။ အိမ်ရှင်မတွေရဲ့အကြိုက် နံပါတ် (၁) ထုတ်ကုန်ဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။

Reference Source - ESPN
Photo Credit - The Sun
ကျော်စိုးအောင် (Myanmar Fight Edition) ယ်ယူအားပေးနိုင်ပါတယ်။

Reference Source - ESPN
Photo Credit - The Sun
ကျော်စိုးအောင် (Myanmar Fight Edition)

image