စပို့တင်းလစ္စဘွန်းဘောလုံးဒါရိုက်တာ ဗီယာနာကို မန်စီးတီး ခေါ်ယူ ခန့်အပ်
မန်စီးတီးအသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအားကစားဒါရိုက်တာ ဗီယာနာကို ဘောလုံး ဒါရိုက်တာသစ်အဖြစ် ခေါ်ယူခန့်အပ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက တာဝန်ယူလာတဲ့ ဘောလုံးဒါရိုက်တာ တက်ဆီဘက်ဂါရီစတိန်းဟာ မန်စီးတီးကနေ ထွက်ခွါတော့မှာဖြစ်လို့ ပေါ်တူဂီကွင်းလယ် ကစားသမားဟောင်း ဗီယာနာကို အစားထိုးခေါ်ယူခန့်အပ်ခဲ့တာပါ။
အသက် ၄၁ နှစ်ပဲရှိသေးတဲ့ ဗီယာနာဟာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က နယူးကာဆယ်အသင်းမှာ ကစားခဲ့ဖူးပြီး အိုဆာဆူနာ၊ ဘရာဂါနဲ့ ဆော်ဒီကလပ်တွေမှာ ပြောင်းရွှေ့ကစားခဲ့သူပါ။
၂၀၁၆ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့ပြီး လိဂ် ၃ အသင်းတသင်းမှာ အားကစားဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် စပို့တင်းလစ္စဘွန်း အားကစားဒါရိုက်တာဖြစ်လာခဲ့ပြီး ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပေါ်တူဂီလိဂ်ချန်ပီယံဖြစ်လာအောင် ကူညီနိုင်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်၊ အူဂါတီ၊ နူနက်စ်၊ ပတ်ဒရိုပေါ်ရို အစရှိတဲ့ ကစားသမားတွေကို ရောင်းထုတ် ရာကနေ ငွေကြေးအမြောက်အများရှာဖွေနိုင်ခဲ့တဲ့ ဗီယာနာကို မန်စီးတီးက ခေါ်ယူခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
DVB