YBS ကတ်ဖြတ်စက်ပိတ်သည့် ယာဉ်မောင်းများကို အရေးယူမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်းအသုံးပြုသွားလာနေကြသည့် ခရီးသွားပြည်သူများအဆင်ပြေစေရန် ယာဉ်စီးခပေးချေရာ၌ ငွေအကြွေအခက်အခဲများ ပြေလျော့စေရန် YPS ကတ်များနှင့်ယာဉ်လိုင်းအားလုံးတွင် အသုံး ပြုနိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသိုဆောင်ရွက်ရာ၌ကတ်ဖြတ်စက်တပ်ဆင်ထားသော ယာဉ်လိုင်းများအနေဖြင့်စက်များကို ပိတ်ထားပြီး ယာဉ်မောင်းများက ယာဉ်စီးခကောက်ခံခြင်းရှိနေပြီး ခရီးသည်များ၏တိုင်ကြားမှုများပြားလာသည့်အတွက်ထိရောက်သည့်အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းရွှေပြည်သာယာဉ်လိုင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။
ယာဉ်စီးခပေးချေရာတွင် စပယ်ယာက ငွေကောက်ခံသည့်ပြသနာများပပျောက်ရန် YPS ကတ်စနစ်ဖြင့်ဆောင်ရွက်ခဲ့ရာတွင် YPS ကတ်အသုံးပြုသူ ၂ သိန်း ၃ သောင်းကျော်ရှိပြီး ကတ်ဖြန့်ဖြူးထားရှိမှုသည်လေးသိန်းခွဲဝန်းကျင်ရှိကြောင်း၊ မိုလ်ဘိုင်းဖုန်းမှတစ်ဆင့် QR Code စနစ်ဖြင့်ယာဉ်စီးခပေးချေနိုင်ရေးဆောင်ရွက်ပေးရာတွင် Download ဆွဲပြီးသူ တစ်သိန်းကျော်နှင့် လက်ရှိ အသုံးပြုနေသူ နှစ် ထောင်ကျော် ရှိနေကြောင်းသိရသည်။
Credit: NOM၊