လမ်းခွဲချင်နေပြီမလား?
OKလေ။
လမ်းခွဲပေးမယ်...၊
စာလည်းမပို့ဘူး၊ ဖုန်းတွေလည်း မခေါ်ဘူး၊
အဆက်သွယ်လည်း မလုပ်ဘူး၊ မနှောက်လည်း မနှောက်ရှက်ဘူးကွာ..ကတိပေးတယ်။
အဲ့ဒိအတွက် နောက်ဆုံးအခွင့်ရေးအနေနဲ့ ပြန်လုပ်ပေးရမှာက
တစ်ခုပဲ ငါပြောတာကို ၅မိနစ်လောက်လေးနားထောင်ပေးဖို့ပဲ။
"လူဆိုတာ ဘဝမှာ တစ်စုံတစ်ဦးဦး နဲ့ အတူတူအိုးမင်းသွားကြမှာပဲလေ။
ငါနဲ့လမ်းခွဲပြီးရင်လည်း အချိန်တစ်ခုရောက်ရင်
လူသစ်တစ်ယောက်နဲ့ ချစ်ခြင်းမေတ္တာကိုပုံဖော်မှာပဲ။
ကြိုက်တဲ့လူကို ရွေး
ဒါပေမယ့် အချစ်ခရီးရဲ့ အစပိုင်း( ၅) လ လောက်ပဲ
မင်းရယ်မောရမယ်၊ပျော်ရမယ်။
မင်းကအချစ်ခံရလို့ပဲဖြစ်ဖြစ်၊ မင်းကိုချစ်တာပဲဖြစ်ဖြစ် အချစ်တစ်ခုမှာ
သဝန်တိုခြင်းတွေ လာမယ်၊ ချုပ်ချယ်ခြင်းတွေလာမယ်၊ ဆိုးရိမ်စိတ်တွေနဲ့ မသင်ကာမေးခွန်းတွေ အမေးခံရမယ်၊ တဖြေးဖြေး မပျော်ရတဲ့နေ့တွေတိုးလာမယ်ကွာ။
အစပိုင်း (၅)လ လောက်ကလွဲရင်
သူ့စရိုက်၊ကိုယ့်စရိုက်တွေ သိသာထင်မြင်လာကြပြီး တစ်ယောက်ကိုတစ်ယောက် စိတ်တိုင်းမကျခြင်းတွေဖြစ်မယ်။ အမြဲ ငြှိယူရတဲ့အကန့်တွေရှိလာမယ်။
Rs ချိတ်ခြင်း၊မချိတ်ခြင်းတွေကအစ public မှာဖော်ပြခြင်းရှိမရှိအဆုံး တစ်ယောက်အပေါ်တသ်ယောက်အထင်မြင်တွေမှားမယ်။
စာအပို့၊ဖုန်းအခေါ်တွေ နည်းမယ်။
အဆိုးဆုံးကတော့ အဲ့ဒိရွေးလိုက်တဲ့လူက
ကို့အပေါ်သစ္စာမရှိမှာပဲ။
ငါနဲ့လမ်းခွဲပြီးရင် သူ့ကိုမင်းဘဝအကြောင်းတွေ
တစ်ကစ ပြန်ပြောပြရအုံးမယ်။
😊😊😊
စဥ်းစားပေါ့ကွာ
မင်းအပေါ်လည်း သစ္စာရှိမယ်၊ ပြီးတော့ မင်းကိုပဲအဆုံးထိရွေးချယ်နေမယ်၊ ပြီးတော့
မင်းမှမင်းလည်း ဖြစ်နေတဲ့ လူကို ထားခဲ့ပြီး
ခဏတာသာယာမှုလေးတစ်ခုအတွက်နဲ့ ခဏတာရယ်မောရခြင်းအတွက်နဲ့
အသစ်အစမ်းလေး ရွေးချယ်မယ်ဆိုလဲ
ဘာပြောရအုံးမှာလဲ ကွာ😊😊
သွားပေါ့။
တစ်ခုပဲမှာလိုက်မယ်
ထွက်သွားပြီးရင် ဘယ်တော့မှပြန်မလာနဲ့၊
ဒီအရပ်ကို ဘယ်တော့မှ ပြန်မလွမ်းနဲ့။
ငါဟာ ဘယ်တော့မှ နှစ်ခါပြန်စျေးမပေါလို့ပဲ။
#ရဲသူလွင် (အင်ပင်မြို့)