7 w - Translate

အင်းလေး ရေဘေးသင့်များကို ရိက္ခာ နှင့် ထောက်ပံ့ငွေလှူဒါန်း
------------------------
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ဒေသမှာ အခက်ခဲဖြစ်နေတဲ့ ရေဘေးသင့် ဒေသခံတွေဆီ သွားရောက်ပြီး အောက်တိုဘာလ(၁၀)ရက်က စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ပေးအပ် လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။

စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေလှူဒါန်းမှုကို ချစ်မေတ္တာဖောင်ဒေးရှင်းမှ ဦးဆောင်ကာ မြန်မာနွယ်ဖွား တရုတ် အသင်းတွေရဲ့ လှူဒါန်းငွေတွေ၊ ပြည်ပကစေတနာ ရှင်တွေ လှူဒါန်းငွေတွေနဲ့စုပေါင်းကာ သွားရောက် လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းအနေနဲ့သွားရောက်လှူဒါန်းခဲ့တဲ့ ကျေးရွာတွေကတော့ အင်းလေးဒေသအတွင်း တောင်ပိုင်းကျေးရွာ တွေဖြစ်တဲ့ အင်းဦးကျေးရွာ၊ လွယ်ငြိမ့်ကျေးရွာ၊ လယ်သစ်ထက်ကျေးရွာ၊ ပျားပင်တောင်ကျေးရွာ၊ သပြေပင် နောက်ကျေးရွာ၊ရွာကြီးတောင်ရွာ(အထက်-၂)ကျေးရွာနဲ့ ရွာကြီးတောင်အောက်ဝိုင်းကျေးရွာတွေဖြစ်ပြီး ညောင်ရွှေမြို့နယ်က ရေကြီးနစ်မြုပ်ခဲ့တဲ့ ရပ်ကွက် (၆) ရပ်ကွက်က ဒေသခံတွေကို ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အခက်အခဲဖြစ်နေတဲ့သူတွေကို လှူဒါန်းခဲ့ရတဲ့အတွက် ပီတီဖြစ်ရကြောင်း အလှူရှင်တွေက ပြောပါတယ်။

ရေဘေးသင့်ဒေသခံတွေကို လှူဒါန်းခဲ့တာကတော့ ကျပ်သိန်းပေါင်း ၈၀၀ ကျော်ခန့်ဖြစ်ပြီး အိမ်ထောင်စုတစ်စုကို ငွေကျပ် (၅) သောင်း၊ ဆန်၊ ဆီ၊ ခြောက်ဆွဲခြောက်၊ ငါးသေတ္တာနဲ့ စားသောက်ကုန်ပစ္စည်းတွေကို လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

အင်းလေးဒေသမှာ ကျေးရွာပေါင်း (၄၄၀) ကျော်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင် ဘာလ (၁၁)ရက်က ကျေးရွာပေါင်း ၂၀၀ နီးပါး ရေကြီးနစ်မြုပ်မှု ခံခဲ့ရတာဖြစ်ပါတယ်။ တချို့ကျေးရွာတွေမှာ အောက်တိုဘာလအထိ ရေတွေ ပြန်လည်ကျဆင်းတာ မရှိသေးဘူးလို့ သိရပါတယ်။

image