အလှကုန် ၄ မျိုးအား သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်
----------------------
ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ဆိုတဲ့ အလှကုန်ပစ္စည်း ၄ မျိုးကို ပြည်သူတွေသုံးစွဲဖို့ မသင့်တော်ဘူးလို့ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အောက်တို ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အခုတားမြစ်လိုက်တဲ့ အလှကုန်ပစ္စည်းတွေဟာ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတာလည်း မရှိဘူးလို့ သိရပါတယ်။
အဲဒီအလှကုန်တွေကတော့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေဖြစ်ပြီး သုံးစွဲဖို့ မသင့်တော်တဲ့ Mercury နဲ့ Rhodamine B စတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီတားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားကတစ်ဆင့် ခန္ဓာကိုယ်အတွင်းကိုစုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေပါ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီ နဲ့ လက်လီ လက်ကားဆိုင်တွေအနေနဲ့ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတာမရှိတဲ့ ပြည်သူတွေသုံးစွဲဖို့ မသင့်ကြောင်း ထုတ်ပြန်ထားတဲ့ အလှကုန်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးရောင်းချတာတွေကို လုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာ ဆောင်ရွက်တာမရှိရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊