ဒီဖြစ်ရပ်မှန်လေးက လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကပေါ့ မြန်မာနိုင်ငံက သူဌေးကြီးတစ်ဦဆောက်ထားတဲ့ နာမည်ကြီး condo တစ်ခုမှပေါ့
မင်မင့်အန်တီကအာ့မှာနေတော့ သွားလည်ဖြစ်ကြတယ်ပေါ့။ တစ်နေ့ကြတော့အန်တီက ခရီးသွားဖို့အတွက် မင်မင်ကိုခေါ်ရော
" အန်တီ - "တောင်ကြီး၊ အင်းလေး ခရီးသွားမလို့ လိုက်ခဲ့ပါလားဟဲ့"
မင်မင် - "အွန်း သုံးယောက်ထဲလား ပျင်းစရာကြီးကို"
အန်တီ - "အန်တီမြ - မိုင်းရှူးစော်ဘွားကတော်ဟောင်း(နာမည်လွှဲထားသည်) အန်တီမြပါပါမယ်လေ
မင်မင် - "အာ့ဆို လိုက်မယလေ"
အန်တီ - "ဒါဆို မနက်ဖြန်ညနေ လာအိပ်နော်နောက်နေ့မနက်က ခရီးထွက်မှာဆိုတော့ တကူးတက လာမခေါ်တော့ဘူး ညအိပ်ရင်မနက်တန်းထွက်ရုံပလေ"
မင်မင် - "အိုစကေပါ အန်တီ"
နောက်နေ့ရောက်တော့ မင်မင့်အန်တီ့ အိမ်မှာသွားအိပ်ရော မအိပ်ခင်တော့ ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြတာပေါ့
ညဘက် ၁၀နာရီလောက်ထိုးတော့ အန်တီက အိပ်ကြမယ် မနက်လည်းအစောကြီးထရမယ်ဆိုပြီး အိပ်ဖို့ပြင်ကြရော
P.S - ဇာတ်လမ်လေးမဆက်ခင် အခန်းဖွဲ့စည်းပုလေးပြောပြချင်လို့၊ ကွန်ဒိုအခန်းထဲမှာ Master Bedroom - 1, Single Bedroom - 2, outside - Restroom -1, Living room - 1 နဲ့ Kitchen - 1 ပါပါတယ်
ဇာတ်လမ်းဒီကစတာ မင်မင် အိပ်မယ်လဲဆိုရော အန်တီက သမီးရေရော့ ဒီမှာအိပ်ဆိုပြီး dream bed လေးကို master bedroom ကို ခေါင်းရင်းပေးပြီး အခန်းအပြင်မှာအိပ်ခိုင်းရော။ သူတို့လင်မယားကြတော့ master bedroom ထဲမအိပ်ဘဲ living room မှာ အိပ်ယာခင်းပြီးအိပ်ကြသတဲ့။
ည ၁၀နာရီခွဲလောက် မင်မင် အိပ်ပျော်သွားထင်တယ်နောက်ရေးနိုးတော့ မင်မင်ဘေးကဖုန်းလေးကို ဘယ်နနာရီထိုးပြီလဲဆိုတာထကြည့်တော့ ည ၁၂နာရီကျော်လောက်ရှိနေပြီ ဒါပေမဲ့ အာ့မှာ မင်မင့် ခြေရင်းမှာ restroom ရှိတယ် Kitchen ရှိတယ်။ မင်မင်အာ့အချိန်နိုးလာတော့ အခန်းထဲမီးတွေမှိတ်ထားပြီး မှောင်မှောင်မည်းမည်းထဲမှာ ယောကျာ်းတစ်ယောက်ပုံစံ စွပ်ကျယ်နဲ့ခြေသံတစ်ရှပ်ရှပ်နဲ့(ဦးလေးကလည်း စွပ်ကျယ်ဝတ်တက်တာကို) restroom ဘက်သွားလိုက် kitchen ထဲဝင်လိုက်နဲ့လျှောက်သွားနေတာ။ အာ့တာနဲ့ပဲ မင်မင်လည်းတွေးလိုက်တာ "အော်စွပ်ကျယ်နဲ့ဆိုတော့ ကိုယ့် ဦလေးပဲထင်ပြီးပြန်အိပ်လိုက်တယ်တွေးလိုက်သေးတာ အော်သူအိမ်သာထသွားတာပါလာပေါ့)။ ဒုတိယတစ်ခေါက် ၂နာရီခွဲလောက်ထပ်နိုးပြန်ရေ ခြေရင်းကိုလှမ်းကြည့်တော့ အာ့လိုပဲ စွပ်ကျယ်ဝတ်ထားတဲယောကျာ်းတစယောက်က living room ထဲလျှောက်သွားနေတာ ထပ်တွေးလိုက်သေးတာ (အော် ငါ့ဦးလေးခရီးသွား ကားမောင်းရမှာကို မအိပသေးဘဲဘာလုပ်နေလပေါ့)
နောက်ဆုံးတစ်ခေါက် ထပ်နိုးလာတော့မနက်၃ခွဲကျော်လောက် အိုး shock ရသွားတာ၊ ထပ်နိုးလာချင်းချင်းဘဲ ပွင့်လာတဲ့မျက်လုံးကို စုံပြန်မှိတ်လိုက်ရတယ်။ ရင်ထဲမှာလဲ ဖိုးသိုးဖက်သက်နဲ့ ရင်တွေတုန်လိုက်တာဆိုတာ။ လွတ်နေတဲ့စောင်ကိုလည်း ခြေထောက်နဲ့ညှပ်ပြီးကောက်ယူခေါင်းမှုးခြုံ၊ ဘုရားစာတွေရွတ်ပေါ့(ဖင်ပြန်ခေါင်းပြန်တွလျှောက်ရွတ်ပေါ့လေ)
မင်မင် ဘာတွေ့လိုက်လဲဆိုတော့ မျက်နှာတစ်ခု (မျက်လုံး၊ ပါးစပ်၊ နှာခေါင်း) ဘာမှမပါတဲ့ပြောင်ချောမျက်နှာကြီးက ကိုယ့်မျက်နှာပေါ်ကနေ မိုးပြီးကုန်းကြည့်နေတာကိုတွေ့လိုက်ရပါသတဲ့ရှင်
မနက်၆နာရီထိုးတော့ အန်တီက ခေါင်လေးကုတ်ပြီး ထတော့ ထတော့ဆိုလို့ အိပ်ရေးမဝစွာနဲ့နိုးလာလေသတည်ပေါ့။ တောင်ကြီး၊ အင်းလေး ခရီးစဉ်စတော့ ကာပေါ်မှာ အန်တီက မင်မင့်ကိုမေးရော
သမီး ညကကောင်းကောင်းအိပ်ပျော်လားတဲ့(ဟယ်ဘယ်လိုမေးလိုက်တာလဲပေါ့)၊ သိပ်အိပ်ပျော်ဘူး သရဲတွေ့တာတော့ မပြောနေတော့ဘူးပေါ့လေ။ အာ့တာနဲ့ အန်တီကလည်း ချောလဲရောထိုင်ပြောပါလေရော "နင်ဦလေးပေါ့ ညကမအိပ်ဘူးလေ ဟိုဟာထစား ဒီဟာထစားနဲ့၊ ဟုတ်တယ် ခရီးသွားရပါမယ်ဆိုတာကို မအိပ်ဘူး" အယ့်လယ် အန်တီက သူ့တူမကြောက်မှာစိုးလို့ဖြည့်ပြောရော။ စိတ်ထဲကတော့ 'ဟွန့်လူဇိုး သူတို့ပဲကြောက်လို့အခန်းထဲတောင်ဝင်မအိပ်ပဲနဲ့ ငါ့ကိုကြတော့ အာ့အခန်းအဝနားမှာ သိပ်တယ်လိုစ့်'