ကြက်သားနှင့်ဗူးသီးလူပျိုချက်
°°°°°°°°°°°°°°°°°°°°°°°°°°
ဒီနာမည်ပေးရတာအကြောင်းရင်းရှိတယ်။
အခုလိုတန်ဆောင်မုန်းဆို ကထိန်ပွဲတော်၊
သူခိုးကြီးညပွဲတော်တွေရှိတယ်။
ဒီထဲမှာမှ လူပျိုသိုးလေးတွေဆိုတာအဆန်းထွင်ချင်ကြတယ်။
ကိုယ်တိုင်ကဘာချက်နည်းမှလဲမတတ်၊အတွေ့အကြုံလဲမရှိပေမယ့်လူရာဝင်ချင်ကြတယ်။
(ဒါကလူပျိုပေါက်ဖြစ်ခဲ့ဖူးသူတိုင်းခံစားဖူးကြတယ်)
ဒီတော့ဟင်းပွဲတစ်ခုချက်ပြီးအုပ်စုဖွဲ့ပျော်ကြလေ့ရှိတယ်။ပွဲတော်တွေမှီခိုပြီးလူကြီးသူမတွေချက်ပေးတာရှိပေမယ့်အရွယ်ရောက်စလူပျိုဝင်
စဆိုတာလူကြီးတွေနဲ့သိပ်သဟဇာတာမဖြစ်
တော့ကိုယ်တိုင်ဖန်တီးရတာကိုပိုပြီးကျေနပ်
ပျော်ရွှင်တတ်ကြတာကသဘာဝပဲ။
ဒီဟင်းပွဲကို ဗမာကြက်(အိမ်ကြက်)နဲ့ချက်ရင်
ပိုကောင်းတယ်ဆိုပေမယ့် လူပျိုလေးတွေကတော့ကျွန်တော်တို့ငယ်ငယ်ကလိုပဲရရာနဲ့ချက်
ကြတယ်။ကျွန်တော်တို့ငယ်ငယ်ကတော့
သူငယ်ချင်းတစ်ယောက်ရဲ့အမေက သူ့ခြံထဲကဘဲတစ်ကောင်ပေးတာကြောင့် ဘဲသားနဲ့လဲချက်တာပဲ။
ကဲ... ချက်ကြရအောင်။
ဗမာကြက်(အိမ်ကြက်)........၁ကောင်
ဗူးသီးနုနုသေးသေး............၁လုံး
ကြက်သွန်နီ.....................၂လုံး
ခရမ်းချဉ်သီး.....................၂လုံး
ချင်း+ကြက်သွန်ဖြူ........... အနည်းငယ်စီ
ငရုတ်သီးခြောက်(သို့)စိမ်း...၅တောင့်ခန့်
ငါးပိ..............................အနည်းငယ်
စပါးလင်........................၃ပင်
မိမိသောက်မည့်အရက်....ပုလင်းတစ်ဖုံး
ကြက်သားတွေကိုကြိုက်သလိုခုတ်ပါ။
(လူပျိုသိုးလေးတွေကတော့ဟန်ချက်ညီအောင်ဘာမှမလုပ်တတ်သေးပါဘူး)
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ချင်း ၊ ငရုတ်သီးတွေကိုရောထောင်းပြီးကြက်သားထဲထည့်ပါ။
လှီးချင်သလို..လှီးထားတဲ့ခရမ်းချဉ်သီးတွေလဲထည့်ပါ။
ဆား၊ ငါးငံပြာရည် ၊ နနွင်း၊ အရောင်တင်၊ အရက်၊ ငါးပိ၊ ဟင်းခတ်မှုန့်ထည့်ပြီးနယ်ပါ။
ချက်မယ့်အိုးမှာဆီကိုအပူပေးပြီးရိုက်ပြားလုံးချေထားတဲ့စပါးလင်ကိုမွှေးအောင်ဆီသပ်ပါ။
အရသာနယ်ထားတဲ့ကြက်သားတွေထည့်ပြီး
လုံးချက် ချက်ပါ။
ကြက်သားတစ်ရေခမ်းလောက်တဲ့အခါခပ်ကြမ်းကြမ်းလှီးထားတဲ့ဗူးသီးနုနုတွေထည့်ပါ။
(ကျွန်တော်တို့စချက်တုန်းကတော့ ဗူးသီးက
အမွှေးနုလေးတွေတောင်မကုန်သေးတဲ့အတွက်အခွံမခွာခဲ့ပါဘူး)
အနံ့လေးမွှေး ၊ ဗူးသီးလေးက စိမ်းရောင်ပြောင်းအရည်ပျော်ပြီဆိုတာနဲ့တစ်ပန်းကန်စီထည့်စားကြတော့တာပါပဲ။
ဒါက..တကယ့်ပျော်ရွှင်ခဲ့ရတဲ့လူပျိုပေါက်ဘဝ
ကိုလွမ်းပြီးရေးတဲ့စာပါ။
ချက်စားကြည့်ပါ။ တကယ်ကောင်းတာကိုတော့အာမခံပါတယ်။