7 w - Translate

အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့သူတွေ တခုထဲလိမ်းရုံနဲ့ လုံလောက်တဲ့ Moisturizer🌵

Niacinamide serum + Moisturizer ကောင်းကောင်းတခု ပေါင်းစပ်ထားသလို ခံစားရစေမယ့် All in one product လေး Nyi ဒီနေ့ညွှန်းပေးချင်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် Nyi က All in one skincare တွေကို အသားလွတ်အထင်ကြီးတတ်တဲ့သူထဲတော့ မပါဘူးဗျ။ ဘာလို့လဲဆိုရင် တခုထဲလိမ်းရုံနဲ့ လုံလောက်တယ်လို့ ခေါင်းစဉ်တပ်သော်ငြားလဲ ပုံမှန် skincare တခုလောက်သာ ingredients ပါဝင်တာကို မြင်နေရလို့ပေါ့နော်။ အဲ့ထက်ပိုတာက အသားအရေကိုထိခိုက်စေမယ့် Alcohol နဲ့ Fragrance တွေ၊ Essential oils တွေ၊ အသားပေါ်တင်လိုက်တာနဲ့ အေးသွားစေမယ့် Menthol တွေ ဖောဖောသီသီထည့်သုံးထားတာကိုး။ ဒီလို product တွေပဲမြင်တွေ့နေရသူအဖို့ All in one ဆိုတာနဲ့ ရင်မခုန်တတ်တာ မဆန်းပါဘူး။

ဒီ Derma Factory ရဲ့ Perfect 9 All In One Essence ကိုတော့ Nyi က လက်ထဲရောက်ရောက်ချင်း ingredients list ကိုရှာဖတ်ကြည့်တယ်။ 1st ingredient မှာတင် ရေအစား Aloe leaf water ကိုသုံးထားတာမြင်တော့ စိတ်ဝင်စားသွားတယ်ပေါ့နော်။ Niacinamide ကိုလဲ ထိပ်နားမှာတွေ့ရတော့ concentration တခုပါမယ်လို့ ယုံကြည်မိပါတယ်။ တခြားသော ရေဓာတ်ဖြည့်ပါဝင်ပစ္စည်းတွေလဲပါဝင်ပြီး အထူးတလည်အနေနဲ့ Centella ရဲ့ active compounds တွေ၊ Ceramide ENP တို့လဲပါပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ Derma Factory ရဲ့ထုံးစံအတိုင်း safe & pure ဖြစ်တာမြင်ရလို့ Nyi ကသူ့ကို sensitive skin တွေကအစ ညွှန်းပါတယ်။

သုံးရတာဘယ်လိုနေလဲဆိုရင်တော့ သူက gel moisturizer တခုလို clear gel consistency မျိုးရှိတယ်။ အနံ့ကစိမ်းရွှင်ရွှင်နဲ့ စိတ်လန်းစေမယ့် အနံ့မျိုးပါပဲ။ လိမ်းရတာ စေးကပ်ခြင်းမရှိသလို အသားထဲကိုစိမ့်ဝင်တာလဲ အရမ်းမြန်တယ်ပေါ့နော်။ Silicone တချို့ သူ့မှာပါလို့ လိမ်းပြီးသွားရင် skin ကချောချောလေးနဲ့ မွတ်ကျန်ခဲ့တယ်။ ဒါကြောင့်မလို့ နောက်ကတခုခုလိုက်လိမ်းတဲ့အခါလဲ အဆင်ပြေပါလိမ့်မယ်။ Hydation + Moisture lock effect ကြောင့် သူ့တခုထဲလိမ်းရင်တောင် လိမ်းအလကားမဖြစ်ဘူးပေါ့နော်။

Nyi သုံးတဲ့တလျှောက် သူကနေ Calming effect ကိုသေချာရတယ်၊ Hydrating ဖြစ်တာလဲ သိသာပါတယ်။ နောက်ထပ် ချွေးပေါက်ကိုလဲ ထိန်းညှိပေးပြီး အမဲစက်တွေကိုလဲ လျော့ပါးသက်သာလာစေတယ်။ အထူးသဖြင့် သူ့ကြောင့်အဖုထပ်မထွက်၊ ထွက်ပြီးသားအဖုသက်သာစေလို့ ဘာသုံးသုံးအဆီပြန်ပြီး ဝက်ခြံအဆီဖုထွက်လွယ်တဲ့သူတွေကို Nyi ဒီ hidden gem လေးလက်တို့ပါတယ်။ All skin types, Unisex သုံးဖို့သင့်တော်ပြီး Dry skin တွေကတော့ နောက်ကနေ moisturizer တခုခုလိုက်လိမ်းပေးပါအုံးနော်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင် 🛒 Derma Factory Myanmar ကနေ မှာယူနိုင်ပါတယ်ခင်ဗျာ။

Disclaimer : Collab with DERMA FACTORY

#dermafactory #dermafactoryallinoneessence #reviewbynyi #nyipick #nyipickmoisturizer #crd

image
image
image