7 w - Translate

မင်း ထင်နေသလို
အဆင်ပြေပျော်ရွှင်နေတာတော့လည်း မဟုတ်ပါဘူး။

တကယ်က
အနာပြမှ ရလာမယ့် ဂရုစိုက်မှုမျိုးကို မလိုချင်တော့တာ။

တစ်ခုခုဆို မင်းဆီ ဖုန်းမခေါ်ဖြစ်တော့ဘူး။
တစ်ခုခုဆို ဘယ်သူ့ကိုမှ ပြေးမတိုင်ပင်ဖြစ်တော့ဘူး။

အခြားတစ်ယောက်အပေါ် ယုံကြည် မျှော်လင့်ခြင်းတွေ
သိမ်းမထားဖြစ်တော့ဘူး ဆိုပါတော့လေ။

ကိုယ်ဒဏ်ရာလေး အသာဝှက်ပြီး
နေတတ်ထိုင်တတ်လာတယ်ပဲ ထားပါတော့။

ကိုယ့်အင်အားလေးနဲ့ စိမ်းလန်းပြီး
ကိုယ့်ခံနိုင်ရည်နဲ့ပဲ တုံ့ပြန်တတ်ပြီ

ပြီးတော့
အနာကျင်ဆုံးအချိန်တချို့မှာ
အလှဆုံး ပြုံးနေတတ်ဖို့ လိုကြောင်းလည်း
ကိုယ် သင်ယူခဲ့ရပါပြီ။ ။
#spicylife

image