7 w - Translate

နာကျင်နေမှန်းသိရင်
လက်လွှတ်လိုက်တော့လေတဲ့ ...
အင်း ...
နာတော့ နာကျင်နေပါပြီ
ဒါပေမယ့် ...
ဒါပေမယ့်ပေါ့နော် ...
တစ်နေ့နေ့ကျရင်
အရင်လို ပြန်ချစ်လာမှာပါဆိုတဲ့
အတွေးတွေနဲ့
ရပ်စောင့်နေချင်တုန်းပဲ
ပြီးတော့ ..
ဒီနှစ်တွေမှာ
သူ့ စိတ်နဲ့ အသက်ရှင်ပြီး
သူ့စိတ်နဲ့ပဲ
နိုးထခဲ့တဲ့ အချိန်တွေအစား
ကိုယ့်အတွက်ကိုယ်
ရှင်သန်နိုင်ဖို့
အချိန်တွေ လိုနေတုန်းပဲ ။
နာကျင်နေပါပြီလို့ပြောပြီး လက်မလွှတ်နိုင်ပဲ ရှိနေတဲ့ဘ၀တွေအကြောင်းပေါ့ ..ဘာလို့ လက်မလွှတ်နိုင်တာလဲဆိုပြီး အားမလို အားမရတွေ ဖြစ်လိမ့်မယ် ဒီလောက်တုံးအ ရလားဆိုပြီး အပြစ်တွေ တင်ကောင်း တင်ချင်နေလိမ့်မယ် ။ ဦးဏှောက်သိရှိပါတယ်ဆိုတဲ့ ဘယ်လူပဲ နေနေ အချစ်ထဲ ပျော်၀င်သွားတဲ့အခါ တစ်ကြိမ်တစ်ခါတော့ ရူးသွားတတ်တာပါပဲ ။
အချစ်ဆိုတာ တကယ်ရှိလို့လားဆိုတဲ့ မေးခွန်းတွေနဲ့ ပျက်ရယ်ပြုတတ်တဲ့ လူတစ်ယောက်က သူ့ကို သိပ်ချစ်တယ်ဆိုပြီး တဖွဖွ ရွတ်နေတဲ့အထိ ရူးသွားတာကို မြင်ခဲ့ဖူးလား ။ စံချိန် စံနှုန်းတွေကို အမြဲတဖွဖွ ပြောတတ်တဲ့ လူတစ်ယောက်ပေါ့ . ငါချစ်မယ့်လူဆိုရင် ... ဘယ်လိုမျိုးမှဆိုတာမျိုးဆိုပြီး တဖွဖွပြောတတ်တဲ့ လူတစ်ယောက်က ဘာမှ မဟုတ်တဲ့ လူတစ်ယောက်ကို ချစ်မိသွားတာမျိုးပေါ့ ။ အချစ်ဆိုတာ တစ်ခါတစ်လေကျတော့ ထင်မှတ်မထားတဲ့ အချိန်မှာ ရောက်လာတာမျိုး ချစ်တယ်ဆိုတာမှန်း သတိမထားမိသေးခင် ချစ်မိသွားတာမျိုးပေါ့ ။
ကြည့် ... အခုလဲ ကြည့် ... ပျော်စရာ နည်းနည်းမှ ရှိမနေတဲ့ Relationshipတစ်ခုကို အတင်းကြီး ပျော်ရမှာဆိုပြီး တွေးနေတုန်းပဲ ။ တစ်နေ့ကျရင် ... ပြီးတော့ တစ်ချိန်ကျရင်ဆိုပြီး မသေချာတဲ့ ရက်တွေကို မျက်ရည်တွေနဲ့ ရေတွက်နေတဲ့ လူတစ်ယောက်ပေါ့ ။ သူရှိရင် အဆင်ပြေပါတယ်လို့တွေးပြီး မောင်းထုတ်နေတဲ့အရပ်မှာ အရှက်မရှိကပ်တွယ်နေတာလေ ။ တစ်နေ့နေ့တော့ အရင်လိုပြန်ချစ်လာမှာပါ ပြီးတော့ အရင်လိုပြန်ဖြစ်လာမှာပါဆိုပြီး ဦဏှောက်မရှိတွေးနေတုန်းပဲ ။
သတိရလို့ဆိုပြီး ဆက်ချင်တဲ့ ဖုန်းတွေတောင် အားနာနေရတဲ့ အဖြစ်လေ ... လွမ်းလို့ပါဆိုပြီး စကားတွေပြောဖို့တောင် တွန့်ဆုတ်နေရတဲ့ ဆက်ဆံရေးတစ်ခုလား ။ ချစ်လားဆိုတဲ့ မေးခွန်းတွေ ပြီးတော့ မလွမ်းဘူးလားဆိုတဲ့ မေးခွန်းတွေဆို ဝေးပေါ့ ။ တကယ်ပဲ အဲ့ဒီ နာကျင်နေတဲ့ ဘ၀မှာ ပျော်အောင် နေနေပါတယ်ဆိုတဲ့ စကားနဲ့ အဆင်ပြေပါတယ်ဆိုတဲ့စကားနဲ့ မခွာပဲ နေနေတဲ့ လူတစ်ယောက်ဟာ တကယ်ပဲ ရှိပါတယ် ...
တခြားအဝေးကြီး ပြေးရှာမနေနဲ့ ... ဒီစာရေးနေတဲ့ ဒီကောင်ကြီးပေါ့ အဲ့လောက်ထိကို ရူးပြီး မူးနေတာ အချစ်ဆိုတဲ့ အရာကို အဲ့လောက်ထိကို ကိုးကွယ်ချင်နေမိတာ ။ သူမှမရှိရင် ... ဘယ်အရာမှ အဆင်မပြေဘူးလို့ ... တစ်ထစ်ချ တွက်ထားတဲ့ ကောင်လေ ။

#ကျေးကို

image